ကျိုက်လတ်မြို့နယ် လေဘေးသင့်ပြည်သူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပံ့ပိုးသည့် ထောက်ပံ့ပစ္စည်းပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်လတ်မြို့နယ် လေဘေးသင့်ပြည်သူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပံ့ပိုးသည့် ထောက်ပံ့ပစ္စည်းပေးအပ်

 

            

MNP - သြဂုတ်   ၂၁


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ကျုံမငဲ့ချောင်းဖျားကျေးရွာ၊ ရတနာစလင်း ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ နေ့လယ်ပိုင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကျိုက်လတ်မြို့နယ် လေဘေးသင့်ပြည်သူများအား ပံ့ပိုးသည့် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က လေဘေးသင့်ပြည်သူများကို အားပေးအမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဆရာကြီးဦးစိန်ဝှီးက ထောက်ပံ့လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ ပံ့ပိုးပေးသည့် ထောက်ပံ့ပစ္စည်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးတို့က လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကျိုက်လတ်မြို့နယ် ထရော်ရွာသစ်ကျေးရွာအုပ်စု၊ ကျုံမငဲ့ချောင်းဖျားကျေးရွာနှင့် ကျုံမငဲ့ကျေးရွာ အုပ်စု၊ ကျုံမငဲ့ကျေးရွာတို့မှ လေဘေးသင့်ပြည်သူအိမ်ထောင်စု (၅၀)စုအတွက် တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်း ၁၉ မျိုးပါပုံး(၃၂)ပုံး၊ တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်း ၁၂ မျိုးပါ စက္ကူပုံး (၁၈)ပုံး၊ တာပေါ်လင်အထူအဖြူရောင်အချပ် (၅၀)၊ အိမ်ဆောက်ပစ္စည်းကိရိယာ (၂)အိတ်၊ စုစုပေါင်း တန်ဖိုး (၅၃)သိန်းခန့်ရှိ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌထံမှ သိရသည်။


သတင်း - ရီရီမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)