MNP - ဩဂုတ် ၆
ကျောင်းသား၊ ကျောင်းသူများ စည်းလုံးမှုရရှိကာ ကျန်းမာရွှင်လန်းပြီး ဉာဏ်ရည်ထက်မြတ်စေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ လူငယ်ရေးရာနှင့် အားကစားဆိုင်ရာအသိပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြခြင်း အစီအစဉ်များကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက အခြေခံပညာ အလယ်တန်းကျောင်း (လယ်တွင်း) သို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်ထက်ထက်ခိုင် က အားကစားပစ္စည်းများကို ပေးအပ်ရာ တာဝန်ခံကျောင်းအုပ်ဆရာကြီး ဦးစိန်မင်းက လက်ခံ ရယူခဲ့သည်။ ဆက်လက်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်ထက်ထက်ခိုင်က အားကစားပညာရပ်နှင့် ပတ်သက်၍ အားကစားနည်းစနစ်များအကြောင်း ရှင်းလင်းပြောကြားခြင်း၊ အားကစားပြုလုပ်ခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများ၊ အားကစားစိတ်ဓာတ်နှင့် ပတ်သက်သည်များကို အကျယ် တဝင့်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာဦးက "လူငယ်နှင့်ဗလငါးတန်" ခေါင်းစဉ်ဖြင့် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်အားကစားမှူးမှ ဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ အကြောလျှော့ခြင်း လေ့ကျင့်ခန်းများကို ဆောင်ရွက်ပြီး၊ Volunteer အဖွဲ့မှ ညီငယ်များက အားကစားသရုပ်ပြခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - တင့်ဆွေ
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment