MNP - သြဂုတ် ၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် သန့်ရှင်းသာယာလှပစေရေးနှင့် ခြင်ကြောင့် ဖြစ်တတ်သော ကူးစက်ရောဂါများ ကင်းဝေးစေရန် ရည်ရွယ်၍ အမှတ်(၁၅)ရပ်ကွက်၊ မိုးကောင်းလမ်း၊ အ.မ.က(၁၁)၊ အ.လ.က(၄)ခွဲ ကျောင်းတွင်း/ပြင်ရှိ အမှိုက်၊ သဲ၊ ခဲများ ရှင်းလင်းခြင်း၊ ရေစီး ရေလာကောင်းမွန်စေရေး ရေမြောင်းများ ရှင်းလင်းဆောင်ရွက်ခြင်း၊ သစ်ပင်ခြုံနွယ်ပိတ်ပေါင်း များ ရှင်းလင်းခြင်းတို့ကို ယနေ့ နံနက် ၇;၀၀ နာရီက မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးမှ ဦးဆောင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်းကာ ကျောင်းများတွင် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သို့ဖြစ်ရာ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ စီစဉ်မှုဖြင့် မြို့နယ်ပညာရေးမှူး၊ ကျောင်း အုပ်ကြီးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ၊ ရဲတပ်ဖွဲ့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှ ဝန်ထမ်းများ၊ စည်ပင်ဝန်ထမ်းများ၊ လမ်းတံတားဝန်ထမ်းများ၊ ပန်းဥယျာဉ် ဝန်ထမ်းများဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုတို့ကို မြို့တော်ဝန်မှ လိုက်လံကြည့်ရှုကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် အမှိုက်သရိုက်များကို သိမ်ဆည်းစွန့်ပစ်ရန် အမှိုက်သိမ်း Hopper ယာဉ်(၂)စီး၊ ထော်လာဂျီယာဉ် (၂)စီး တို့ဖြင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး လုပ်ငန်းများကို အင်အား(၁၅၀)ဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ရာ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးကြသည့် ဌာနဆိုင်ရာ ဝန်ထမ်းများကို စားသောက်ဖွယ်ရာများဖြင့် နံနက်စာကျွေးမွေးခဲ့ကြောင်း သတင်းရသည်။
သတင်း - အိရွှေစင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment