MNP - ဩဂုတ် ၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများ ကျောင်းပညာသာမက စာအုပ်စာပေဖတ်ရူခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ အမှတ်(၁)ရပ်ကွက်၊ ဇမ္ဗူဒီပဘုန်းတော်ကြီးသင်ပညာရေး ကျောင်းအတွင်း စိန်ရတီ စာကြည့်တိုက်ဖွင့်လှစ်ခြင်းနှင့် သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းများ ကပ်လှုဒါန်းခြင်းကို ယမန်နေ့ နံနက်၁၀နာရီက ကျင်းပခဲ့သည်။
အဆိုပါ စိန်ရတီစာကြည့်တိုက်ကို အလှုရှင်ဒေါ်ခင်စန်း၊ ဦးခင်ရွှေ၊ ဒေါ်လှလှသန်းတို့မှ ဇမ္ဗူဒီပဘုန်းတော်ကြီးသင် ပညာရေးကျောင်းဆရာတော် (ဒေါက်တာပညာဒီပ) (ဘဒ္ဒန္တဝိဇယာဘိဝံသ) (ဦးစိန်ထွန်း) (ဒေါက်တာဒေါက်တာတင်တင်ဝင်း)တို့အား ရည်စူးကုသိုလ်အဖြစ် မတည်ကာ ဇမ္ဗူဒီပဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် စိန်ရတီ စာကြည့်တိုက်အဆောက်အဦ အခန်းပြတင်းတံခါးများ ပြင်ဆင်ပေးခြင်း၊ ပရိဘောဂအဖြစ် စာအုပ်တင်စင်၊ စာကြည့်တိုက်မှူးစားပွဲ၊ ထိုင်ခုံများနှင့် စာအုပ်သုတ/ရသပေါင်းအုပ် (၁၃၀၀)အုပ် စုစုပေါင်း ခန့်မှန်းတန်ဖိုး(၃၅)သိန်းခန့် မတည်၍ လှုဒါန်းကာ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ပူးပေါင်း၍ ၎င်းစာကြည့်တိုက်ဖွင့်လှစ်နိုင်ရေး စာစု၊စာပြုလုပ်ငန်းအဆင့်ဆင့်တို့ ဝိုင်းဝန်း၍ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စိန်ရတီစာကြည့်တိုက်ဖွင့်ပွဲတွင် မြိူ့နယ်သံဃာနယကဆရာတော်၊ မာဂဓိသာစည်ဘုန်းတော်ကြီးသင်ကျောင်းဆရာတော်၊ ဇမ္ဗူဒီပဘုန်းတော်ကြီးသင်ကျောင်းဆရာတော်နှင့် ဘုရားအမှူးရှိသော ဆရာတော်သံဃာတော်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ကာ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်၍ စာကြည့်တိုက်အလှုရှင်မိသားစုမှ ဝါဆိုသင်္ကန်းများ၊ လှုဖွယ်ဝတ္တုများ ဆက်ကပ်လှုဒါန်းခဲ့ကြပီး ဆွမ်းများဆက်ကပ်ခြင်း၊ ဇမ္ဗူဒီပဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ပညာသင်ကြားနေသော ကျောင်းသား၊ကျောင်းသူများအား ဒံပေါက်ဘူးများပေးဝေခဲ့သည်။
၎င်းနောက် မြိူ့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ဝင်းအိမွန်မှ စာကြည့်တိုက်ဖွင့်လှစ်ရသည့်အတွက် ရရှိမည့် အကျိုးကျေးဇူးများ စာကြည့်တိုက်ဆိုင်ရာ လုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားခဲ့၍ အခမ်းအနားသို့ ဖိတ်ကြားထားသော ဆရာတော်၊ သံဃာတော်များနှင့် မြို့နယ်ပညာရေးမှူး ဒေါ်ထူးထူးလွင်၊ မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှုကော်မတီအဖွဲ့ဥက္ကဋ္ဌ အဖွဲ့ဝင်များ၊ မြို့နယ်စာရေးဆရာအသင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ စိန်ရတီစာကြည်တိုက်အလှုရှင် မိသားစုနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြရာ ဖွင့်ပွဲ၌ အလှုရှင်ရေးဆွဲထားသော ပန်းချီကားများ၊ လက်မှုဟန်မိတ်ပစ္စည်းများ ရောင်းချ၍ ၎င်းမှရရှိသော ငွေကြေးများအား စာကြည့်တိုက်ရန်ပုံငွေအဖြစ် ပြန်လည်လှုဒါန်းခဲ့ကြောင်း သတင်းရသည်။
သတင်း - ဝင်းအိမွန်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment