MNP - ဩဂုတ် ၂၃
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်း အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး၊ လူမှုရေးနှင့်ဒေသ ဖွံ့ဖြိုးရေးအတွက်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ မြို့နယ်အဆင့်ဌာန ဆိုင်ရာများပါဝင်သော စစ်ကြောင်း(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေးနိုင်ရန်အတွက ဩဂုတ် (၁၉) ရက်နေ့မှ (၂၁)ရက်နေ့အထိ ရွာကြီးကျေးရွာအုပ်စု၊ မိုးကန်ကျေးရွာအုပ်စုနှင့် ပြင်စည်ကျေးရွာအုပ်စုတို့တွင် ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်နိုင်ဦးနှင့် အဖွဲ့ဝင်များပါဝင်သော ဌာနဆိုင်ရာအကြီးအကဲများမှ တစ်ဦးချင်းမိတ်ဆက်ကြပြီး ဒေသခံပြည်သူများမှ ကျေးရွာလိုအပ်ချက်များတင်ပြရာတွင် ရေချိုရရှိစေရေး၊ကျေးရွာချင်းဆက်လမ်းရရှိစေရေး၊ကျေးရွာအတွင်းလမ်းကောင်းမွန်စေရေး၊ လျှပ်စစ်မီးရရှိစေရေး၊ ဆရာ၊ဆရာမများ ပြည့်ဝစွာရရှိစေရေး အသီးတင်ပြမှုအပေါ် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးနှင့် သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။
သတင်း - သန်းအောင်ဇော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment