MNP - သြဂုတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဧရာဝတီတိုင်း ဒေသကြီး ဒေသကော်မတီ (၅)နှင့် ဖျာပုံမြို့နယ် ဆန်စက်လုပ်ငန်းရှင်များ အသင်းနှင့် မြို့နယ်ဆီလုပ်ငန်းရှင်များ ပူးပေါင်း၍ ပြည်သူများဈေးနှုန်းသက်သာစွာဖြင့် ဆန်နှင့် စားအုန်းဆီများ ဝယ်ယူနိုင်ရေးအတွက် အမှတ်(၃) ရပ်ကွက်၊ ဆန်စက်၊ ဆန်ကုန်သည်များအသင်းတွင် အချွန်ဆန်တစ်ပြည်လျှင် (၁၅၀၀)ကျပ်နှုန်းနှင့် စားအုန်းဆီ တစ်ပိဿာလျှင် (၅၃၀၀)ကျပ်နှုန်းတို့ဖြင့် ယမန်နေ့ နံနက်ပိုင်းတွင် စတင်ရောင်းချပေးလျက် ရှိကြောင်း သိရ သည်။
အဆိုပါ ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးဆန်နှင့် စားအုန်းဆီများ ရောင်းချပေးရာတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ် ဆန်စက်လုပ်ငန်းရှင်များနှင့် မြို့နယ်ဆီလုပ်ငန်းရှင်များမှ ပြည်သူများဈေးနှုန်းသက်သာစွာဖြင့် ဆန်နှင့် စားအုန်းဆီများ ဝယ်ယူနိုင်ရေးအတွက် အမှတ်(၃)ရပ်ကွက်၊ ဆန်စက်၊ ဆန်ကုန်သည်များအသင်းတွင် အချွန်ဆန်တစ်ပြည်လျှင် (၁၅၀၀)ကျပ်နှုန်းနှင့် စားအုန်းဆီတစ်ပိဿာလျှင် (၅၃၀၀)ကျပ် နှုန်းဖြင့် လူတစ်ဦးလျှင် ဆန်သုံးပြည်နှုန်းနှင့် စားအုန်းဆီ(၅၀)ကျပ်သားအား ရောင်ချပေးလျက်ရှိသည်။ ဖျာပုံခရိုင်အတွင်းရှိ (ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေး)မြို့နယ်များတွင်လည်း ဆန်နှင့် စားအုန်းဆီများကို အခြေခံပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး နေ့ရက်အလိုက် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
သတင်း - အောင်ဝင်းနိုင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment