MNP - ဩဂုတ် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့နံနက် ၈ နာရီက မူလတန်းကျောင်း (ပိတောက်မြိုင်)နှင့် အလယ်တန်းကျောင်းခွဲ (ပျဉ်းမမြိုင်) တို့၌ ဆောင်ရွက်ကျောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဆရာမ ဒေါ်သင်းသင်းခိုင်က ကျောင်းသား၊ ကျောင်းသူများအား တကိုယ်ရည်သန့်ရှင်းရေး၊ စနစ်တကျလက်ဆေးရေး၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အိုင်အိုဒင်းဆားသုံးစွဲခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးအကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မူလတန်းကျောင်းသား၊ ကျောင်းသူများအား ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနှင့် အိုင်အိုဒင်းဆား သုံးစွဲမှုရှိမရှိ စစ်ဆေးခြင်းကို ကျန်းမားဝန်ထမ်းများနှင့် ဆရာ/ ဆရာမများ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
သတင်း - မျိုးဝင်းညို
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment