သာပေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၁၃၈၄ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၁၀)ရက်နေ့ သံဃိက သံဃာ့ဒါနအာရုဏ်ဆွမ်းပါတ် ဒုတိယအကြိမ် စုပေါင်းလောင်းလှူပူဇော် - Myanmar National Post

Myanmar National Post

News Agency

Breaking

သာပေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၁၃၈၄ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၁၀)ရက်နေ့ သံဃိက သံဃာ့ဒါနအာရုဏ်ဆွမ်းပါတ် ဒုတိယအကြိမ် စုပေါင်းလောင်းလှူပူဇော်

 


MNP - ဩဂုတ်  ၂၁


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် နှစ်စဉ်‌နှစ်တိုင်း ဝါတွင်းကာလ တစ်လျှေက်လုံး မြို့ပေါ်၊ နယ်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သတင်းသုံး ဝါဆို၊ ဝါကပ် တော်မူကြသော ရဟန်းသံဃာတော်များကို လောင်းလှူပူဇော်နေကြ သံဃိက သံဃာ့ဒါန အာရုဏ်ဆွမ်း၊ ဆွမ်းဟင်းအာဟာရဒါနများ ဆက်ကပ်လောင်းလှူပူဇော်ပွဲကို ယနေ့ ၁၃၈၄ ခုနှစ်၊ ဝါခေါင်လပြည့်ကျော်(၁၀)ရက်နေ့ နံနက် ၄ နာရီခွဲအချိန်မှ စတင်၍ အမှတ်(၃)ရပ်ကွက်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အာရုဏ်ဆွမ်းပါတ် ဒုတိယအကြိမ် စုပေါင်းလောင်းလှူ ပူဇော်ကြသည်။

ထိုသို့ အာရုဏ်ဆွမ်းပါတ် လောင်းလှူပူဇော်ပွဲတော်ကို မြို့ပေါ်၊ နယ်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း (၁၄)ကျောင်းမှ ဝါဆို၊ ဝါကပ်တော်မူကြသော ရဟန်းသံဃာတော်အပါး (၁၃၅)ပါးတို့ကို ပင့်ဖိတ်၍ အမှတ်(၃) ရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ပြည်အေးခန်းမ)၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဧရာထိုက်နှင့် အထွေထွေအုပ်ချုပ်ရေး စာရေးဝန်ထမ်းမိသားစု အလှူရှင်များမှ နိဗ္ဗာန်ရည်မှန်း စုပေါင်း ထည့်ဝင်လှူဒါန်း၍ သံဃိက သံဃာ့ဒါနအာရုဏ်ဆွမ်း၊ ဆွမ်းဟင်း အာဟာရဒါနများ ဆက်ကပ် လောင်းလှူပူဇော်ကြပြီး လှူဒါန်းမှုအတွက် အလှူရှင်များက အမျှပေးဝေဝမ်းမြောက်ဝမ်းသာ သာဓု(၃)ကြိမ် ခေါ်ဆိုကြကြောင်း သိရသည်။


သတင်း - မျိုးဇော်သိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)