MNP - ဩဂုတ် ၂၁
ပြည်သူများ အသိပညာရရှိစေရန်အတွက် အသိပညာပေးလုပ်ငန်းများကို အပတ်စဉ် လစဉ် တင်ပြဆောင်ရွက်ပေးလျက်ရှိရာ စစ်ကိုင်းခရိုင်၊ မြောင်မြို့ ပြည်သူ့ စာကြည့်တိုက်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများနှင့် အသိပညာပေးTalk Showကို ယနေ့နံနက်ပိုင်း က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ထက်ထက်လင်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များနှင့် မည်သည့်အတွက်ကြောင့် ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်ရန် အရေးကြီးသည့်အချက်များနှင့် ပတ်သတ်၍ ဆွေးနွေးတင်ပြပေးရန်စစ်ကိုင်းခရိုင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန မြို့နယ်ဒုတိယဦးစီးမှူး ဦးဇင်ကိုကိုမင်းအား ဖိတ်ခေါ်ရာ ဦးစီးမှူးက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း၏ အရေးကြီးပုံများနှင့် လူနှင့်သက်ရှိသတ္တဝါများအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းမည်မျှ ဆက်စပ်မှုရှိသည်တို့ကို ပြည်သူများ ဗဟုသုတ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရန်တင်ပြ ဆွေးနွေးခဲ့သည်။
မြောင်မြို့ပြည်သူ့စာကြည့်တိုက်အနေဖြင့် ပြည်သူများအသိပညာ ရရှိရေးလုပ်ငန်းများဖြစ်သည့် စာဖတ်ဝိုင်းများ၊ စာအုပ်ပြပွဲများနှင့် အသိပညာပေး Talk Show များကို အပတ်စဉ်လစဉ် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်၊၊
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment