ရန်ကင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကြားယောင်နေသော အမေ့စကားများ စာပေဟောပြောပွဲ ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကြားယောင်နေသော အမေ့စကားများ စာပေဟောပြောပွဲ ကျင်းပပြုလုပ်

 


MNP - သြဂုတ်  ၂၁


ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ စာပေချစ်မြတ်နိုးသူများနှင့် ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ ဗလငါးတန် ဖွံ့ဖြိုးရေး၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားဆုံးဖြတ်နိုင်ရေး၊ အမိနိုင်ငံတော်ကို တန်ဖိုးထားချစ်မြတ်နိုး၍ ဖွံဖြိုးတိုးတက်အောင် ကြိုးပမ်းရေးအတွက် လူငယ်များ စာပေလေ့လာ ဖတ်ရှုပြီး ဗဟုသုတ ကြွယ်ဝစေရန်နှင့် အားလပ်ချိန်တွင် စာပေဖတ်ရှုခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာ‌ပေဖတ်ရှုရာမှ တစ်ဆင့် အသိပညာ၊ ဗဟုသုများ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀း၀၀ နာရီက ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကြားယောင်နေသော အမေ့စကားများ စာပေဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ စာပေဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်းမြို့နယ် ရုံးမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်က ကြားယောင်နေသော အမေ့စကားများ စာပေဟောပြောပွဲတွင် အနာဂတ်မျိုးဆက်သစ် လူငယ်များအနေဖြင့် မိဘကိုတန်ဖိုးထား လေးစားစွာဖြင့် ကျေးဇူး ဆပ်ဖူးသူများ ဖြစ်လာစေရန်၊ ပညာပေးအနေဖြင့် အမေ၏စကားသံများကို ပြန်လည်ရေးသားဖော်ပြမှုမှာ အဖိုးတန်သားတစ်ယောက်၏ ပြယုဂ်ကို အနာဂတ်လူငယ်များ အားကျအတုယူ နိုင်စေရန်၊ သားသမီးအဆက်ဆက် လက်ဆင့်ကမ်းရမည့် ဗဟုသုတအမွေဖြစ်စေရန် ရည်ရွယ်၍ ကြားယောင်နေသော အမေ့စကားများ  စာပေဟောပြောပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာ မောင်မောက်(ဝတ်လုံ)က ကျေးလက်ဒေသမှာနေတဲ့ အိမ်ရှင်မတစ်ယောက်အနေနဲ့ စာပေကို ရတဲ့နည်းနဲ့ မှာယူဖတ်ရှုခဲ့ပြီး မည်သည့်စာပေမှ မကျန် ဖတ်ရှုကာ စာဖတ်နေရရင် ကျေနပ်နေတဲ့ သူ့မိခင်အကြောင်း၊ သူ့အမေ့ဆီက ဗဟုသုတတွေ၊ ဓလေ့ထုံးစံတွေ၊ မြန်မာမှုတွေ၊ အသိတရားတွေအပြင် အတွေးအခေါ်တွေ၊ အယူအဆတွေ၊ စည်းစနစ်တွေ၊ ဆောင်ရန် ရှောင်ရန် တွေကို သူ့မိခင်ဆီကရရှိခဲ့တဲ့ ကောင်းတဲ့ အမွေတွေဖြစ်ကြောင်း မျိုးဆက်သစ်လူငယ်များ မိဘကျေးဇူးတရားများကို သိရှိကာ ပြန်လည်ကျေးဇူးဆပ်နိုင်စေရန် အဆိုပါဟောပြောပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း အကျယ်တဝင့် အသိ ပညာပေး ရှင်းလင်းဟောပြောခဲ့ပါသည်။


ထို့နောက် တက်ရောက်လာကြသော စာပေဝါသနာပါသူ၊ စာပေချစ်မြတ်နိုးသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ စာရေးဆရာ မောင်မောက် (ဝတ်လုံ)က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး  စာပေဟောပြောပွဲကို ကိုဗစ်-၁၉ရောဂါ ကြိုတင်တားဆီး ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးလမ်းညွှန်ချက် များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရသည်။


သတင်း - အိရွှေစင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)