ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်ထောင်စု (၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက် များအပေါ် ထပ်ဆင့်ရှင်းလင်းမှာကြားခြင်းနှင့်အတူ ကချင်ပြည်နယ်(၆)လပတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (ပထမနေ့)သို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်ထောင်စု (၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက် များအပေါ် ထပ်ဆင့်ရှင်းလင်းမှာကြားခြင်းနှင့်အတူ ကချင်ပြည်နယ်(၆)လပတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (ပထမနေ့)သို့ တက်ရောက်


MNP - သြဂုတ်   ၂၃


ပြည်ထောင်စု (၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်း ခြင်းနှင့် ကချင်ပြည်နယ် (၆)လပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး (ပထမနေ့)ကို ယမန်နေ့ နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်န်က ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများအား ထပ်ဆင့် ရှင်းလင်း အမှာစကားပြောကြားသည်။


ယင်းသို့ ထပ်ဆင့်ရှင်းလင်းပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြည်ထောင်စု(၆)လပတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက် များကို ထပ်ဆင့်ရှင်းလင်းပြောကြားပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် မှာကြားချက်များအတိုင်း အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် စိုက်ပျိုးမွေးမြူရေးကို အခြေခံပြီး ပြည်နယ်၏ စီးပွားမြှင့်တင်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု ရည်မှန်းချက်ပန်းတိုင်ပြည့်မီရေး စီမံချက် ရေးဆွဲဆောင်ရွက်ထားသည့်အတိုင်း အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရေး၊ စိုက်ပျိုးရေး သွင်းအားစုများ ဖြည့်ဆည်းပေးနိုင်ရေး၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြစိမ်းရောင်စီမံကိန်းများ၊ သမဝါယအသင်းများ ပိုမိုတိုးချဲ့ထူထောင်နိုင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုး မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နယ်မြေအခြေအနေအရ အခက်အခဲရှိသည့် ဒေသများလည်းရှိသည့်အတွက် ယနေ့ကျင်းပပြုလုပ်သည့် (၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အကျိုးရှိထိရောက်သော လုပ်ငန်းများဖြစ်စေရေး၊ ရည်မှန်းချက်များ ပေါက်မြောက်အောင်မြင်အောင် အကောင် အထည်ဖော်ရေး ညှိနှိုင်းပေါင်းစပ်အဖြေရှာရမည်ဖြစ်ကြောင်း မှာကြားသည်။


ထို့နောက် တက်ရောက်လာကြသည့် မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်၊ ပူတာအို၊ ချီဖွေ၊ တနိုင်းခရိုင်တို့မှ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်အလိုက် ဒေသအခြေအနေများ၊ ၂၀၂၂ ခုနှစ်၊ ဖေ‌ဖော်ဝါရီ ၁ ရက်နေ့မှ ဇူလိုင် ၃၁ ရက်နေ့အထိ (၆)လတာကာလအတွင်း စီမံကိန်း လုပ်ငန်း‌များ အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များကို လည်းကောင်း ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲ များက သက်ဆိုင်ရာ ဌာနအလိုက် မူဝါဒ၊ ရည်မှန်းချက်များ၊ စီမံကိန်းလုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက် နေမှုများကိုလည်းကောင်း ပါဝါပွိုင့်ဖြင့် အသီးသီးရှင်းလင်းတင်ပြကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)