မြောင်းမြမြို့တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ စုပေါင်း၍ စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောင်းမြမြို့တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ စုပေါင်း၍ စာဖတ်ဝိုင်းကျင်းပ



MNP - သြဂုတ်   ၁၄


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ ပြည်သူများ စာပေဖတ်ရှုလေ့လာပြီး အပြန်အလှန် ဆွေးနွေးခြင်းဖြင့် တစ်ဦးနှင့် တစ်ဦး ဗဟုသုတအတွေးအမြင်များ အပြန်အလှန်ရရှိစေရန်၊ စာပေချစ်မြတ်နိုးစိတ်နှင့် စာဖတ်ရှိန်မြင့်မားလာ စေရန်တို့အတွက် စာအုပ်စာစောင်ချစ်မြတ်နိုးသူ များအသင်း (Book Club) အဖွဲ့နှင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁ဝ နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။


အဆိုပါ စာဖတ်ဝိုင်းတွင် စာရေးဆရာ မင်းကျော်ရေးသားသည့် ကျွန်တော့်ဆရာများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ရာ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နာယက ဦးကျင်စိုး (မောင်လှိုင်းသစ်-ချစ်စရာမြေ)က ဦးဆောင်ဆွေးနွေးပြီး တက်ရောက်လာသည့် Book Club အဖွဲ့ဥက္ကဋ္ဌ ဦးညီဌေး (နေခြည်မောင်-မြောင်းမြ)နှင့် Book Club အဖွဲ့ဝင် စာပေချစ်သူ များက စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ စာဖတ်ဝိုင်းကို Book Club အဖွဲ့ဝင်များအပြင် စာပေစိတ်ဝင်စားသည့် လူငယ်များပါ တက်ရောက်ခဲ့ ကြပြီး စာဖတ်ဝိုင်းကို နေ့လယ် ၁၂ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)