လောင်းလုံးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ခုနှစ်၊ မိုးစပါးစံပြစိုက်ခင်းနှင့် ဘဏ်ချေးငွေအကြေပေးသွင်းသော တောင်သူများအား ဓာတ်မြေသြဇာပေးအပ်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လောင်းလုံးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ခုနှစ်၊ မိုးစပါးစံပြစိုက်ခင်းနှင့် ဘဏ်ချေးငွေအကြေပေးသွင်းသော တောင်သူများအား ဓာတ်မြေသြဇာပေးအပ်ခြင်း အခမ်းအနားကျင်းပ



MNP - သြဂုတ်  ၁၅


တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးစံပြစိုက်ခင်းနှင့် ဘဏ်ချေးငွေအကြေပေးသွင်းသော တောင်သူများအား ဓာတ်မြေသြဇာပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က စိုက်ပျိုးရေး ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်က အဖွင့်အမှာစကားပြောကြာပြီး  စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဦးတိုးလွင်ကပြောကြားရာ၌ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ကို ဓါတ်မြေသြဇာပေးအပ်ခြင်းအား သတ်မှတ်ထားသောမျိုးစပါး၊ နည်းပညာ အားလိုက်နာသော တောင်းများအားလည်းကောင်း၊ စမ်းသပ်ကွက်၊ စံပြကွက်ဆောင်ရွက် နေသောမျိုးစေ့ထုတ်တောင်သူများအားလည်းကောင်း၊ စိုက်ဘဏ်ချေးငွေပေးဆပ်မှု တာဝန်ကျေ သောတောင်သူများတို့ကို ဦးစားပေးရွေးချယ် ပေးအပ်မည်ဖြစ်ကြောင်းနှင့် တောင်သူများ (သတ်မှတ်ထားသောဦးတည်ချက်)ဖြင့် ဓါတ်မြေသြဇာပေးအပ်ခြင်း၊ မျိုးစေ့ထုတ်တောင်သူ၊ ဘက်စုံနည်းပညာသုံးစံကြကျေးရွာတောင်သူများ၊ ဘောင်ပျိုးစနစ်ဖြင့် စိုက်ပျိုးသောတောင်သူများကို ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။


ဆက်လက်၍ ဓာမြေသြဇာများကို သက်ဆိုင်ရာ တာဝန်ရှိသူများက တောင်သူများ လက်ဝယ်အရောက် အသီးသီးပေးအပ်ခဲ့ပြီး Rs- Cs မျိုးစေ့ထုတ်စိုက်ပျိုးသည့် တောင်သူများ၊ ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာမှ တောင်သူများတို့က ကျေးဇူးတင်စကားပြောကြားသည်။


အဆိုပါအခမ်းအနားတွင် လောင်းလုံးမြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ ဦးတိုးလွင့်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ တောင်သူများစုစုပေါင်းအင်အား ( ၇၅) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - သိန်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)