ကျွန်းလှမြို့နယ် မီးသတ်ဦးစီးဌာနမှ သဘာဝဘေး ရှာဖွေကယ်ဆယ်ရေး အသင့်ပြင်ဆင်ထားရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းလှမြို့နယ် မီးသတ်ဦးစီးဌာနမှ သဘာဝဘေး ရှာဖွေကယ်ဆယ်ရေး အသင့်ပြင်ဆင်ထားရှိ

 



MNP - ဩဂုတ်   ၁၅


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ် ကျရောက်ပါက အချိန်နှင့်တပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများ၊ တပ်ဖွဲ့ဝင်များ အသင့်ပြင်ဆင်ထားရှိကြောင်း သိရသည်။


ထိုသို့ ပြင်ဆင်ဆောင်ရွက်ထားရာတွင် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်အင်အား (၃၅) ဦးဖြင့်ဖွဲ့စည်းထားပြီး ဇာတ်တိုက်လေ့ကျင့်ခြင်း၊ စုရပ်များပြင်ဆင်ခြင်း၊ တပ်ဖွဲ့ဝင်များ ရှာ်ဖွေကယ်ဆယ်ရေး စွမ်းရည်တိုးတက်စေရန် လေ့ကျင့်ခြင်း ဆောင်ရွက်လျက်ရှိကြောင်း၊ အသက်ကယ်မော်တော်ယာဉ်၊ အသက်ကယ်လှေ၊ ရှယ်ဖွေကယ်ဆယ်ရေးပစ္စည်းများနှင့် အသက်ကယ်အင်္ကျီများ အသင့်ထားရှိကြောင်း ကျွန်းလှမြို့နယ် မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးဇော်လင်းဟန်က ပြောကြားသည်။


သတင်း - မျိုးဝင်းညို 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)