နတ်မောက်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး



MNP - ဩဂုတ်   ၁၅


မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရှိ ဆရာမများက ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးဆရာများက သွေးပေါင်ချိန်တိုင်းတာခြင်း၊ ကိုယ်အလေးချိန် ချိန်ပေးခြင်းများ ပြုလိုက်ပြီးမှသာ ကာကွယ်ဆေးများဖြစ်သည့် မေးခိုင်ကာကွယ်ဆေးထိုးခြင်း၊ သံဓာတ်အားဆေးပြားများပေးခြင်း ပြုလုပ်ခဲ့ရာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များအား ဆေးထိုး၊ ဆေးပေးခြင်းများကို အပတ်စဉ်တနင်္လာနေ့တိုင်း  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 


သတင်း - လှဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)