ချီဖွေမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချီဖွေမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ



MNP - ဩဂုတ် ၁၅


ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ ပူးပေါင်း၍ လူငယ်၊ လူရွယ်များ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးနှင့် စာပေဗဟုသုတ တိုးပွားစေရန်အတွက် ဩဂုတ် (၁၃) ရက်နေ့နံနက် (၁၁)နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် "စာဖတ်ဝိုင်း " ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဂွါဇာလေးက ဒေသတွင်း လူကြီး၊ လူငယ်၊ ကလေးပါမကျန် စာဖတ်သည့် အလေ့အထပြန်လည် ထွန်းကားလာစေရန် လေ့ကျင့်ပျိုးထောင်နိုင်စေရေးအတွက် ကောင်းမွန်သည့် စာအုပ်စာပေများ ဖတ်ရှု့နိုင်ရေး စာအုပ်စာပေများနှင့် ရင်းနှီးကျွမ်းဝင်စေရေး၊ စာအုပ်စာစောင်များဖတ်ရှု့၍ ဗဟုသုတများ ပြန်လည်မျှဝေတတ်စေရေးနှင့် အမှား/အမှန်ကို ဝေဖန်ပိုင်းခြားဆုံးဖြတ်သည့် အသိပညာများ ရရှိစေရေးအတွက် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စာရေးစာရာ ခင်စောတင့် ရေးသားထားသည့် "စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ" စာအုပ်မှ "အချိန်အခါကို သိပါ" ခေါင်းစဉ်ဖြင့်ဆွေးနွေးခဲ့သည်။


ထို့နောက် စာပေချစ်မြတ်နိုးသူများအသင်း   (Book Club)အဖွဲ့မှ ဒေါ်ပြည်ဖြိုးဝင်းက စာရေး ဆရာမ ပုညခင်၏ "မင်္ဂလာပါ ဆရာမ" စာအုပ်ဖြင့် လည်းကောင်း၊ ဒေါ်မြတ်ဝတ်ရည်ထွန်းက စာရေးဆရာမ ပုညခင်၏ "လရောင်လက်ကျန်" စာအုပ်ဖြင့် လည်းကောင်း၊ ဒေါ်နှင်းယုဝေက စာရေးဆရာ မောင်ကျေးဇူး၏ "ဘဝနေတတ်မှု အနုပညာ" စာအုပ်ဖြင့် လည်းကောင်း၊ ဦးခေါင်းလွမ်းက စာရေးဆရာမှိုင်း၏ "အသီးအရွက် နီးလျက်မဝေးစေလို" စာအုပ်ဖြင့် အသီးသီးပါဝင် ဆွေးနွေး ခဲ့ကြပြီး မိမိတို့ဖတ်ရှု့ခဲ့သည့် စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။


သတင်း - မေခမွန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)