မိတ္ထီလာ၌ စားအုန်းဆီတစ်ပိဿာ ၄၂ဝဝ ကျပ်နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာ၌ စားအုန်းဆီတစ်ပိဿာ ၄၂ဝဝ ကျပ်နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေး

 


MNP - ဩဂုတ်   ၇


မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် မိတ္ထီလာမြို့ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်းများအသင်းမှ လူတစ်ဦးလျှင် စားအုန်းဆီတစ်ပိဿာ ၄၂ဝဝ ကျပ်နှုန်းဖြင့် မိတ္ထီလာမြို့တွင်း နေရာ ၃ ခုတွင် ယမန်နေ့နံနက်ပိုင်းက ရောင်းချပေးကြောင်း သိရသည်။


မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရဲ့အစီအစဉ်နဲ့ မိတ္ထီလာမြို့ ဆီကုန်သည်နှင့်ဆီ လုပ်ငန်းရှင်များအသင်းကနေ ဒီနေ့ မြို့တွင်းနေရာ ၃ ခုမှာ လူတစ်ဦးကို စားအုန်းဆီတစ်ပိဿာ ၄၂ဝဝ ကျပ် နှုန်းနဲ့ လက်လီရောင်းချပေးတာပါ။  ပေါက်ချောင်းဈေး၊ နွားပွဲဈေးနဲ့ ရတနမာရ်အောင်ရပ်ကွက် ဖောင်တော်ထိပ် ဘုရားအနီး တံတားနေရာတွေမှာ  ကားနဲ့လှည့်လည် ရောင်းချပေးတာပါ။ နေရာတစ်နေရာမှာ စားအုန်းဆီ ပိဿာချိန် ၆၆ဝ ပိဿာ ကုန်အောင် ရောင်းချပေးတာဖြစ်ပါတယ်ဟု မိတ္ထီလာမြို့ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်းများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


မိတ္ထီလာမြို့ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ လူတစ်ဦးလျှင် စားအုန်းဆီ တစ်ပိဿာ ၄၂ဝဝ ကျပ်ဖြင့် ရောင်းချခြင်းကို ချည်စက်၊တောမ၊ ဘဲကန်ဈေး၊ ဘူတာဟောင်းဈေး၊ ကျီတော်ကုန်း၊ စက်မှုဇုန်ဈေး၊ ရှမ်းတဲဈေး၊ ပေါက်ချောင်းဈေး၊ နန်းတော်ကုန်း၊ အောင်ဆန်းမြို့သစ်၊ ရန်မျိုးအောင်ဈေး၊ ပြည်သာယာ၊ ဝန်ဇင်း၊ စသည်နေရာများတွင်လည်း သတ်မှတ်နေ့ရက်အလိုက် ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။


သတင်း - ချမ်းသာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)