ကျိုင်းတုံမြို့နယ်တွင် ဝါတွင်း ၃လ ကာလအတွင်း စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့နယ်တွင် ဝါတွင်း ၃လ ကာလအတွင်း စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

 



MNP - သြဂုတ်   ၇


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဝါတွင်း ၃လ ကာလအတွင်း စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ နံနက် ၆နာရီက ရပ်တော်မူဘုရားကြီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။


စုပေါင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်ချုပ်မျိုးမင်းထွန်း၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်‌ရောက်‌‌လောင်းလှူခဲ့ကြသည်။ အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ကျိုင်းတုံမြို့ပေါ်ရှိ သံဃာတော်( ၂၇၀ )ပါး၊  သီလရှင် ( ၂၉ )ပါး၊ စုစုပေါင်း ( ၃၀၀ ) ပါး လောင်းလှူနိုင်ခဲ့ ပါသည်။


ကျိုင်းတုံမြို့၌ ဝါတွင်း ၃လ ကာလအတွင်း  စုပေါင်းဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပခြင်းကို မဟာမြတ်မုနိဘုရားကြီးတွင် ( ၆ ) ကြိမ်၊ ရပ်တော်မူဘုရားကြီးတွင် ( ၅ ) ကြိမ်၊ စုစုပေါင်း ( ၁၁ ) ကြိမ်ထိ ရပ်မိရပ်ဖဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ဝါတွင်း ၃ လကာလအတွင်း စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူကြမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ကျော်စိန်သန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)