မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရအောင် သင်ကြားပေးသော ဆရာ/ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရအောင် သင်ကြားပေးသော ဆရာ/ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ




MNP - သြဂုတ်   ၈


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ အောင်ချက် အကောင်းဆုံးကျောင်းများ၊ မြို့နယ်များနှင့် ဂုဏ်ထူးရအောင် သင်ကြားပေးသော ဆရာ/ဆရာမ များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီက အ.ထ.က(၁)၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားကို ပညာရည်ချွန်ဆုနှင်းသဘင် သီချင်းဖြင့် ဖွင့်လှစ်ပြီး မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြောင်းမြခရိုင် အတွင်းရှိ မြို့နယ်(၃)မြို့နယ်မှ အောင်ချက်ရာခိုင်နှုန်းအလိုက် (ပထမ၊ ဒုတိယ၊ တတိယ) ဆုများ ချီးမြှင့်ခြင်း၊ မြောင်းမြခရိုင်အတွင်းရှိ အထက်တန်းကျောင်းများတွင် ဖြေဆိုသူ(၅၀)ဦးနှင့် အထက်ရှိ ကျောင်းများအနက် အောင်ချက်အကောင်းဆုံး ကျောင်း(၃)ကျောင်းအား ဆုများ ချီးမြှင့်ခြင်း၊ မြောင်းမြခရိုင်အတွင်းရှိ အထက်တန်းကျောင်းများတွင် ဖြေဆိုသူ(၅၀)ဦးနှင့် အောက်ရှိ ကျောင်းများအနက် အောင်ချက် အကောင်းဆုံး ကျောင်း (၃)ကျောင်းအား ဆုများ ချီးမြှင့်ခြင်း၊ ခရိုင်အဆင့်ကျောင်းများအနက် အောင်ချက် အကောင်းဆုံး ကျောင်း(၃)ကျောင်း အား ဆုများချီးမြှင့်ခြင်း၊ အထူးဆုရ ကျောင်း(၁)ကျောင်းအား ဆုချီးမြှင့်ခြင်း၊ ခြောက်ဘာသာ ဂုဏ်ထူးရှင် (၂)ဦး၊ (၅)ဘာသာ ဂုဏ်ထူးရှင် (၁)ဦး၊ (၄)ဘာသာ ဂုဏ်ထူးရှင် (၁၄)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင် (၅၃)ဦး၊ (၂)ဘာသာ ဂုဏ်ထူးရှင် (၅၉)ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင် (၂၁၅)ဦးတို့အား လည်းကောင်း၊ ဂုဏ်ထူးရအောင် ကြားပေးသော ဆရာ/ဆရာမများအားလည်းကောင်း ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအဖွဲ့တို့နှင့် မြို့မိမြို့ဖများက  ဂုဏ်ပြု ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြသည်။ ဆုများချီးမြှင့်နေစဉ်အတွင်း အသီးတစ်ရာ အညှာတစ်ခု တေးသရုပ်ဖော်၊ ပြည်ထောင်စုရဲ့ အလှတရား တေးသီချင်း၊ မွန်ရိုးရာအက စသည်တို့ဖြင့် ဖျော်ဖြေတင်ဆက်ပေးခဲ့ပြီး ဆုရကျောင်းသား/ ကျောင်းသူများ ကိုယ်စား (၄) ဘာသာဂုဏ်ထူးရှင် ကျောင်းသား တစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို ဇာတိမာန်တေးသီချင်းဖြင့် ဂုဏ်ပြုသီဆို၍ အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)