ချောင်းဆုံမြို့နယ်တွင် ယခုနှစ်မိုးစပါးမျိုးစေ့ထုတ် စံပြစိုက်ကွက် (ပေါ်ဆန်းရင်) မျိုးစပါး (၄၁၆)ဧက စိုက်ပျိုးထားရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းဆုံမြို့နယ်တွင် ယခုနှစ်မိုးစပါးမျိုးစေ့ထုတ် စံပြစိုက်ကွက် (ပေါ်ဆန်းရင်) မျိုးစပါး (၄၁၆)ဧက စိုက်ပျိုးထားရှိ

 



MNP - ဩဂုတ်   ၇


မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် သီးနှံအလိုက် မျိုးကောင်းမျိုးသန့် ထုတ်လုပ်ဖြန့်ဖြူးရာတွင် ဌာနမှသာမက တောင်သူလယ်သမားများ ပါဝင်သော မျိုးစေ့ထုတ်လုပ်သူအသင်းများ (Seed Grower Association) ဖွဲ့စည်းဆောင်ရွက်မူဝါဒဖြင့် မိုးစပါး (RS to CS-SGA) မျိုးစေ့ထုတ် စိုက်ခင်း (ပေါ်ဆန်းရင်) မျိုးစပါး(၄၁၆)ဧကကို (တောင်စွန်း၊ ဒေါင်းရပ်အရှေ့၊ ကညှော်၊ ကော့ကဒိုက်) ကျေးရွာတို့တွင် မိုးစပါးနည်း ပညာပေး စံပြစိုက်ကွက်/နည်းပညာသုံး စံပြကျေးရွာအဖြင့် စိုက်ပျိုးထားကြောင်း သိရသည်။


ချောင်းဆုံမြို့နယ်တွင် အရည်အသွေးကောင်းမျိုးစေ့များနှင့် သွင်းအားစုများအား စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်းများကို အသုံးပြုခြင်း၊ စီးပွားရေးတွက်ခြေကိုက်၍ ဈေးကွက်ဝင်သော သီးနှံများ တိုးတက်စိုက်ပျိုးခြင်း၊ လယ်ယာကုန်ထုတ်စက်ရုံများကို အားပေးခြင်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းအား တိုးတက်လာစေခြင်းတို့မှတဆင့် ထုတ်လုပ်မှု ကွင်းဆက်တွင် ပါဝင်သူများ၏ ထုတ်လုပ်မှုစွမ်းအားနှင့် အကျိုးအမြတ်တိုးတက်လာစေရန်၊ အရည်အသွေး ကောင်းမွန်သောသွင်းအားစုများအား မှန်ကန်စွာ ထည့်သွင်းသုံးစွဲ၍ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့်အညီ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေးတွင် တောင်သူများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရန် ရည်ရွယ်ပြီး နည်းပညာသုံး စံပြစိုက်ကွက်/နည်းပညာသုံးစံပြကျေးရွာကို ဖော်ဆောင်ပြီး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးအရာရှိက ပြောသည်။


တောင်သူများ မိုးစပါးစိုက်ပျိုးရာသီတွင် ပျှမ်းမျှ တင်း(၁၀၀)အထိ ထွက်ရှိတိုးတက်လာစေရန် အတွက် မျိုးစပါးများ ကူညီပံ့ပိုးပေးခြင်း။ စပါးစိုက်နည်းပညာများ ဖြန့်ဝေပေးခြင်း၊ မြေနမူနာများယူ၍ စစ်ဆေးပေးခြင်း၊ ဓါတ်မြေဩဇာများပံ့ပိုးပေးခြင်း၊ ပိုးမွှား အန္တရာယ် ကာကွယ်ရေးလုပ်ငန်းများကိုလည်း ကြိုတင်စီမံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ဇာဇာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)