ဘောလခဲမြို့နယ်တွင် ၂၀၂၁ -၂၀၂၂ တက္ကသိုလ်ဝင်တန်းအောင်နှင့် ဂုဏ်ထူးရကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်းအခမ်း အနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘောလခဲမြို့နယ်တွင် ၂၀၂၁ -၂၀၂၂ တက္ကသိုလ်ဝင်တန်းအောင်နှင့် ဂုဏ်ထူးရကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်းအခမ်း အနား ကျင်းပ




MNP - သြဂုတ်   ၇


ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ၂၀၂၁-၂၀၂၂ ခုနှစ်ပညာသင်နှစ်တွင် တက္က သိုလ်ဝင်တန်းအောင် ကျောင်းသား/သူများနှင့် ဂုဏ်ထူးရ ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနား ကျင်းပရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ထွဋ်အောင်နှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။ ရှေ့ဦးစွာ ကျောင်းသားကျောင်းသူများက နယ်စပ်ဒေသတိုင်းရင်းသား လူငယ်မောင်မယ်များပြည်ထောင်စုအတွက် ထာဝစဉ် သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ပြီး နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးရန်အောင်သူမှ နယ်စပ်ရေးရာဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး၏ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာအား ဖတ်ကြားသည်။


ထို့နောက် ဘောလခဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ထွဋ်အောင်က ဂုဏ်ပြုအဖွင့်အမှာစကား ပြောကြာပြီး ၂၀၂၁-၂၀၂၂ ခုနှစ်ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများနှင့် ဂုဏ်ထူးရကျောင်းသား/သူ များအားဆုတံဆိပ်နှင့်ဂုဏ်ပြုဆုငွေများအား တာဝန်ရှိသူများမှ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ၂၀၂၁-၂၀၂၂ ခုနှစ်ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင် နှင့် ဂုဏ်ထူးရကျောင်းသား/သူ ၃ ဘာသာ ၄ ဦး ၊ ၂ဘာသာ ၆ဦး၊ ၁ဘာသာ ၆ ဦး စုစုပေါင်း ၁၆ ဦး အား တစ်ဘာသာလျှင် ပြည်နယ်မှချီးမြှင့်ငွေ ၅၀၀၀၀ကျပ် ၊ ဦးစီးဌာန ရုံးချုပ်မှ ချီးမြှင့်ငွေ ၁၀၀၀၀၀ ကျပ် စုစုပေါင်းဆုငွေကျပ် ၄၅ သိန်း ဂုဏ်ပြုပေးအပ်ချီးမြှင့်ခဲ့ရာ တက္ကသိုလ်ဝင် ကျောင်းသားကျောင်းသူများကိုယ်စား ကျောင်းသား မောင်စိုင်းထက်စွမ်းပြည့်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တက်ရောက်လာသော ဌာနဆိုင်ရာ အကြီးအကဲများနှင့် ကျောင်းသား/သူများမှ အမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သတင်းရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)