ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ကန့်ကော်တစ်ထောင် ဘုရားကုန်း၌ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ကန့်ကော်တစ်ထောင် ဘုရားကုန်း၌ ကျင်းပ

 



MNP - ဩဂုတ်  ၇


ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၈)နာရီအချိန်က အမ်းမြို့နယ် အမ်းမြောက်အုပ်စုရှိ ကန့်ကော်တစ်ထောင် ဘုရားကုန်း၌ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။


ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို အမ်းမြို့နယ် သစ်တောဦးစီးဌာနက ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီး ဒေသအတွင်း ပတ်ဝန်းကျင်စိမ်းလန်းစို ပြည်လာစေရေး၊ ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရေး၊ ပြည်သူများ သစ်တောသစ်ပင်များကို ပိုမိုချစ်ခင်တန်ဖိုး ထားတတ်လာစေရေးရည်ရွယ်၍ သက်တမ်းရင့် အမြင့်(၂)ပေအထက် သစ်ပိတောက် (၂၀) ပင်၊ ပျဉ်းကတိုး (၂၀၀)ပင်၊ မဟော်ဂနီ (၂၀)ပင်၊ မန်ဂျန်ရှား (၂ဝဝ)ပင်၊ကျွန်း(၃ဝ)ပင်၊ စိန်ပန်း (၃၀)ပင် စုစုပေါင်း(၅ဝဝ)ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။


သစ်ပင်စိုက်ပျိုးပွဲတော်သို့  မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်မြင့်နှင့်တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သေခံပြည်သူများ စုစုပေါင်းအင်အား (၁၂၀)ဦးခန့် စုပေါင်း၍ သတ်မှတ်နေရာများတွင်  စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။


သတင်း - စိုးမင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)