မအီမြို့တွင် စည်ပင်သာယာရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းစည်းဝေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့တွင် စည်ပင်သာယာရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းစည်းဝေး



MNP - ဩဂုတ်   ၈


ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် စည်ပင်သာယာရေး လုပ်ငန်းများအတွက် သက်ဆိုင်ရာကုမ္ပဏီများ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁၂း၀၀ အချိန်က မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


အစည်းအဝေးတွင် မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာ ဦးမြတ်မင်းဟန်က ဆွေးနွေးညှိနှိုင်းပြောကြားရာတွင် တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီများအနေဖြင့် မိမိတို့ရရှိထားသည့် လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ခန့်မှန်းခြေတွက်ချက်မှုစာရင်းနှင့် Drawing များကို ဌာနမှသတ်မှတ်ထားသည့် စံနှုန်းများနှင့်အညီ တင်ပြလုပ်ဆောင်သွားရန် လိုအပ်ပါကြောင်း၊ လမ်းများကို ဆောင်ရွက်ပြီးစီးသည့်အခါ သက်ဆိုင်ရာလမ်းများအလိုက် လမ်းအမည်ဆိုင်းဘုတ် စိုက်ထူပေးရန်နှင့် လမ်းဘေးရေမြောင်းများကို တစ်ပါတည်း ဆက်လက်တူးဖော် ဆောင်ရွက်သွားစေလိုကြောင်းတို့ကို ညှိနှိုင်းပြောကြားခဲ့သည်။ ထို့နောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မိမိတို့ရပ်ကွက်များတွင် လိုအပ်နေသည့် လုပ်ငန်းများကို အသီးသီးတင်ပြဆွေးနွေးခဲ့ကြပြီး ယခုဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းနေရာများသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။


ဖော်ပြပါ လုပ်ငန်းများကို ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ရခိုင်ပြည်နယ်၊ စည်ပင်သာယာရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အမှတ်(၄)ရပ်ကွက်ရှိ စံပယ်လမ်း ကွန်ကရစ်ခင်းခြင်းနှင့် Box Culvert (၂)စင်းတည်ဆောက်ခြင်း၊ ကမ်းနားလမ်း၊ ဖြတ်လမ်း (၁)ပေါ်တွင် Box Culvert (၄)စင်း တည်ဆောက်ခြင်း၊ အမှတ်(၃)ရပ်ကွက်ရှိ ရုံးတက်လမ်း ကွန်ကရစ်ခင်းခြင်းနှင့် အမှတ်(၁)ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများကို မအီမြို့အခြေစိုက် " မိဘဂုဏ်ဆောင် " ကုမ္ပဏီက အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အမှတ်(၁)ရပ်ကွက်ရှိ ကန်တော်လမ်း အပိုင်း(၂) ကွန်ကရစ်ခင်းခြင်းနှင့် Box Culvert (၁)စင်း တည်ဆောက်ခြင်း၊ စည်ပင်သာယာရေးအဖွဲ့ရုံးခြံ ခြံစည်ရိုးကာခြင်း၊ စည်ပင်သာယာရေးအဖွဲ့ရုံးခြံဝင်းရှေ့တွင် အုတ်ရေမြောင်း ပြုလုပ်ခြင်း လုပ်ငန်းများကို တောင်ကုတ်မြို့အခြေစိုက် " တောင်ကုတ်ရတနာ " ကုမ္ပဏီက တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယခုဘဏ္ဍာနှစ်တွင် ဌာနကဆောင်ရွက်ရန် လျာတားထားသည့် လုပ်ငန်း(၆)ခု ရှိပါကြောင်းတို့ကို တာဝန်ခံ အင်ဂျင်နီယာ ဦးမြတ်မင်းဟန်က ပြောကြားခဲ့သည်။


သတင်း - မောင်မောင်ဌေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)