စစ်ကိုင်းမြို့တွင် (၂၃)ကြိမ်မြောက်၊ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့တွင် (၂၃)ကြိမ်မြောက်၊ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲကျင်းပ

 



MNP - ဩဂုတ်   ၈


စစ်ကိုင်းမြို့တွင် (၂၃)ကြိမ်မြောက်၊ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ယမန်နေ့ နံနံက်(၈)နာရီက စတင်၍ စစ်ကိုင်းပညာရေးတက္ကသိုလ် ဘွဲ့နှင့်သဘင်ခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ပြိုင်ပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလမှူးကြီး ခင်မောင်လွင်က အဖွင့်အမှာစကားပြောကြားရာ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို လက်ဆင့်ကမ်း ထိန်းသိမ်း စောင့်ရှောက်တက်စေရန် ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားပြီး စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာမြတ်မြတ်သော်က နှုတ်ခွန်းဆက်စကားပြောကြားကာ အနုပညာရှင် ဒေါ်သန္တာက ပြိုင်ပွဲစည်းမျဉ်း အမှတ်ပေးအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ အမှတ်(၃၃)၊ ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးတို့က ပြိုင်ပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ဘာသာရပ်အလိုက် ပြိုင်ပွဲများစတင်ယှဉ်ပြိုင်ခဲ့ကြကာ ဆုရရှိခဲ့ကြသော ဂီတအနု ပညာရှင်များအား စစ်ကိုင်းပညာရေးတက္ကသိုလ်ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။


သတင်း - ဇော်မြင့်နိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)