ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်ဒေသရုံး Community Centre ခန်းမတွင် ဆီးချို၊ သွေးချိုရောဂါအကြောင်း အသိပညာပေး Talk Show ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်ဒေသရုံး Community Centre ခန်းမတွင် ဆီးချို၊ သွေးချိုရောဂါအကြောင်း အသိပညာပေး Talk Show ကျင်းပ

 


MNP - ဩဂုတ်   ၈


ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဆီးချိုသွေးချိုရောဂါ အသိပညာပေး Talk Show ကိုယနေ့နံနက်(၁၀)နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ Talk Show ဆွေးနွေးပွဲတွင် နမ့်ဆန်ဒေသရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ဆီးချိုသွေးချိုရောဂါအကြောင်း အသိပညာဗဟုသုတရရှိစေရန်အတွက် ကြည်လွင်မြင့်(မုဒြာ)၏ ဆီးချိုသွေးချိုရောဂါအစ အအေးကြိုက်ခြင်းကနှင့် ကျန်းမာအောင်နေထိုင်နည်းများစာအုပ်ပါ ဆီးချိုသွေးချိုရောဂါအစ အအေးကြိုက်ခြင်းကနှင့် ကောက်ညှင်း၊ ဆန်စေးနှင့်မတည့်သော ဆီးချိုရောဂါ၊ ဆီးချိုသမား ဓာတ်ဆာမမှားစေလိုစသည့် အကြောင်းအရာများကို ဆွေးနွေးခြင်း၊ ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်က သင်္ဘောသီးစိမ်း၏ ထူးခြားသောအာနိသင်များအကြောင်း ဆီးချိုရောဂါသည်များစားသင့်သည့် အစားအစာများအကြောင်း ဆွေးနွေးခဲ့ကြသည်။


နမ့်ဆန်ဒေသရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး Talk Show အပါအဝင် ပြည်သူများ အသိပညာဗဟုသုတရရှိစေမည့် ပုံပြော၊ ကဗျာရွတ်၊ စက္ကူခေါက်၊ စာအုပ်မိတ်ဆက်နှင့် အခြားအသိပညာပေးအစီအစဉ်များကိုလည်း ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိပါကြောင်း သိရပါသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)