MNP - သြဂုတ် ၁၉
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများ၏ စိုက်ပျိုးစရိတ်များ အဆင်ပြေစွာအသုံးပြုနိုင်ရေး၊ သီးနှံအထွက်တိုးရေးနှင့် စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ စိုက်ပျိုးရေးတောင်သူများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ လားရှိုးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယမန်နေ့မွန်းလွဲပိုင်းအချိန်က သိန္နီမြို့၊ မြို့တော်ခန်းမတွင် ထုတ်ချေးပေးခဲ့သည်။
ထိုသို့ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်လင်၏ ကြီးကြပ်မှုဖြင့် သိန္နီမြို့နယ်အတွင်းရှိ ကွန်ကောက်ကျေးရွာအုပ်စုမှ တောင်သူများအား ထုတ်ချေးပေးခဲ့ခြင်းဖြစ်သည်။ စိုက်ပျိုးရေးတောင်သူများ၏ လယ်မြေဧကပေါ်မူတည်၍ တစ်ဧကလျှင်(၁၅၀၀၀၀/)နှုန်းဖြင့် တောင်သူ(၁၉၁)ဦးအတွက် (၂၈၆၅၀၀၀၀/) ကျပ်(နှစ်ရာရှစ်ဆယ့်ခြောက်သိန်းငါးသောင်း)အား ထုတ်ချေးပေးခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တာဝန်ခံကြီးကြပ်ရေးမှူး ဒေါ်ခင်ဌေးကြည်ထံမှ သိရသည်။
သတင်း - စောဥမ္မာ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment