ဟိုပန်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုပန်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်



MNP - ဩဂုတ်   ၇


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ အမှတ်(၁၂၉)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက အများပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း  အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။


အသိပညာပေး ဆောင်ရွက်ရာတွင် ဟိုပန် ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ထွန်းဇော်မျိုး ဦးဆောင်သည့် ပူးပေါင်းအဖွဲ့က လူစည်ကားသည့်နေရာဖြစ်သည့် ဟိုပန်မြို့လယ်လမ်းဆုံ၌ သွားလာလှုပ်ရှားနေသော အများပြည်သူများအား ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေများအကြောင်း၊ မော်တော်ဆိုင်ကယ်မောင်းနှင် စီးနင်းရာတွင်  ဆိုင်ကယ်ဦးထုပ်များ ဆောင်းကြရန်နှင့် လိုက်နာရမည့်စည်းကမ်းချက်များကို ရှင်းလင်းဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။


သတင်း - ဇင်ဇင်


မြန်မောရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)