သထုံမြို့၊ လေးဆူဓါတ်စံ ရွှေစာရံစေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့၊ လေးဆူဓါတ်စံ ရွှေစာရံစေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ အခမ်းအနားကျင်းပ

 




MNP - ဩဂုတ်   ၇


မွန်ပြည်နယ်၊ သထုံမြို့ ၏ကျက်သရေဆောင် လေးဆူဓါတ်စံရွှေစာရံစေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက စေတီတော် ပုရဝုဏ်ရှိ သုဝဏ္ဏဘူမိ သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ စေတီတော် ဩဝါဒါစရိယဆရာတော်ကြီးများနှင့် တက်ရောက်လာသူများက နမောတဿ(၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားအား စတင်ဖွင့်လှစ်ပြီး သထုံမြို့၊ သဒ္ဓမဇောတိကာရာမကျောင်းတိုက်၏ ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုမနာဘိဝံသထံမှ ကြွရောက်လာကြသည့်ဧည့်ပရိတ်သတ်အပေါင်းမှ သီလခံယူ ဆောက်တည်ကာ ဩဝါဒစကားများ နာယူခဲ့ကြသည်။


ယင်းနောက် စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကဥက္ကဋ္ဌ ဦးခွန်သိန်းရွှေနှင့် အဖွဲ့ဝင်များ၊ အခမ်းအနား တက်ရောက်သူများက သံဃာတော်အရှင်သူမြတ်တို့ထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကာ လှုဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။


အဆိုပါအခမ်းအနားသို့ ရွှေစာရံစေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ဂေါပကအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - နဒီ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)