တမူးမြို့၊ စော်ဘွားအင်း(၁၀)ရပ်ကွက် မြခြူးအိမ်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တမူးမြို့၊ စော်ဘွားအင်း(၁၀)ရပ်ကွက် မြခြူးအိမ်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်

 


MNP - သြဂုတ်  ၇


စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ စော်ဘွားအင်း(၁၀)ရပ်ကွက်ရှိ မြခြူးအိမ်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်းထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကို တမူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာ ရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး ငွေလုံးငွေရင်း ထောက်ပံ့ရန် ပုံငွေ(၂၉.၁၃၈၃) သန်းဖြင့် တင်ဒါအောင်မြင်ခဲ့သည့် Royal Essential ကုမ္ပဏီက အလျား(၁၀၀၀) ပေ၊ အကျယ်(၁၂) ပေ၊ ထု(၇)လက်မအား အကောင်အထည်ဖော် တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းအားလုံး၏ (၇၅) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ရာ လုပ်ငန်းအားလုံး အချိန်မှီပြီးစီးနိုင်ရေးအတွက် တမူးမြို့ စည်ပင်သာယာရေးအဖွဲ့မှ အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ယခုဆောင်ရွက်နေသော မြခြူးအိမ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ပြီးစီးပါက ရပ်ကွက်နေပြည်သူများ၏ ဒေသထွက်ကုန်ပစ္စည်းများကို ဈေးကွက်များသို့ အချိန်မှီ အဆင်ပြေစွာ ပို့ဆောင်ရောင်းချနိုင်ပြီး လူမှု့စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးပြုနိုင်မည်ဖြစ်ကြောင်း အဆိုပါရပ်ကွက်ရှိ ပြည်သူဦးအောင်ကိုဝင်းထံမှ သိရသည်။


သတင်း - ရတနာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)