တွံတေးမြို့နယ်၌ ဆိပ်ခံဘောတံတားသစ်တည်ဆောက်ပြီးစီး၍ ခရီးသွားပြည်သူများ အန္တရာယ်ဘေးကင်းစွာ သွားလားနိုင်ပြီဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တွံတေးမြို့နယ်၌ ဆိပ်ခံဘောတံတားသစ်တည်ဆောက်ပြီးစီး၍ ခရီးသွားပြည်သူများ အန္တရာယ်ဘေးကင်းစွာ သွားလားနိုင်ပြီဖြစ်



MNP - သြဂုတ်   ၈


ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာနှင့် အန္တရာယ်ကင်းသွားလာနိုင်ရေးအတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် စည်ပင်သာယာရေးဌာန ခွင့်ပြုရန်ပုံငွေဖြင့် တွံတေးဆိပ်ခံဘောတံတားအသစ်နှင့် သင်္ဘောကပ်ဘောအသစ်တို့ကို တည်ဆောက်ပြီးစီးသွားသည့်အတွက် ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းစွာဖြင့် သွားလာနေသည်ကို ယနေ့နံနက်ပိုင်း၌ တွေ့ရှိရသည်။


တွံတေးမြို့ ဆိပ်ခံဘောတံတားကို ယခင်က ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာန မြစ်ဝကျွန်းပေါ်က ဧရာဝတီသင်္ဘောများဖြင့် မြစ်ဝကျွန်းပေါ်ရှိ မြို့များသို့ ဆက်သွယ်ရာ၌ ဆိုက်ကပ်သော ဆိပ်ခံဘောတံတားဖြစ်ခဲ့ကြောင်း သိရသည်။ ယခုအခါ လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်လာသည့်အတွက် ခရီးသွားပြည်သူများက ရေလမ်းထက် ကုန်းလမ်းဖြင့် သွားလာမှု ပိုမိုများပြားလာကြောင်း သိရသည်။


တွံတေးမြို့ စည်ပင်သာယာရေးအဖွဲ့မှ ဆိပ်ခံတံတားနှင့် ဘောအသစ်တစ်စင်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် စည်ပင်သာယာရေးဌာန ခွင့်ပြရန်ပုံငွေကျပ် သိန်း(၁၀၀၀)ဖြင့် ဆောင်ရွက်ခဲ့ပြီး  တွံတေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့သာယာလှပရေး၊ ခရီးသွားပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေး ဆောင်ရွက်ပေးခဲ့တာဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။


သတင်း - တွံတေးသား


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)