MNP ၊ ဩဂုတ် ၂၀
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊အမ်းမြို့နယ်ပြည့်သူ့ဆေးရုံဝင်းအတွင်းသန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် ခြင်းကို ယနေ့နံ နက်(၇) နာရီအချိန်က အမ်းမြို့ပြည်သူ့ဆေးရုံးရှေ့ ၌ဆောင်ရွက်ခဲ့သည်။
အဆိုပါပြည်သူ့ဆေးရုံ ဝင်းအတွင်းသန့်ရှင်း သာ ယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်း များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့ နယ် မီး သတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ရပ်ကွက် /ကျေး ရွာ အုပ်ချုပ်ရေးမှူးများ နှင့်ပြည်သူများ စုပေါင်း ပါဝင်၍ မြို့နယ် ပြည်သူ့ဆေးရုံရှေ့ပတ်ဝန်းကျင်ရှိုခြုံနွယ်၊ ပေါင်းမြစ်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်းများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရှိရ သည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost



No comments:
Post a Comment