MNP - ဩဂုတ် ၂၀
မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တို့ပူးပေါင်း၍ ဩဂုတ် ( ၁၉ ) ရက်နေ့၊ မွန်းလွဲပိုင်းက သွေးလွန်တုတ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က အသိပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်(၁)ဦးထွန်းညီညီ က သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားတတ်ပုံ၊ သွေးလွန်တုတ်ကွေးရောဂါ၏ လက္ခဏာများ၊ ကာကွယ်ရမည့်နည်းလမ်းများ၊ မြို့နယ်အတွင်း သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားမှုအခြေအနေ၊ ပြည်သူလူထုအနေဖြင့် ရောဂါကာကွယ်ရေးတွင် ပူးပေါင်းပါဝင်ရမည့် အချက်များ စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment