တံတားဦးမြို့နယ် ဇီးချောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ၆၀’×၃၀’×၁၂’ ရှိ စာသင်ဆောင်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့နယ် ဇီးချောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ၆၀’×၃၀’×၁၂’ ရှိ စာသင်ဆောင်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး

 



MNP - ဩဂုတ်   ၂၃


ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ဇီးချောင်းကျေးရွာအုပ်စု ဇီးချောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ၆၀’×၃၀’×၁၂’ ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စာသင်ဆောင်ဆောင်လုပ်နေမှုအား ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။


အဆိုပါ စာသင်ဆောင်ဆောက်လုပ်မှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုက စာသင်ဆောင်ဆောက်လုပ်ရာတွင် ရေရှည်တည်တံ့ရေးနှင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အရည်အသွေးပြည့်မီရေး အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်ပေါ်တွင် ဘေးအန္တရာယ်မဖြစ်စေရေး၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို စနစ်တကျဆောင်ရွက်ရေးတို့ကို လုပ်ငန်းတာဝန်ခံများအား ပြောကြားသည်။


စာသင်ဆောင်အဆောက်အဦမှာ ၆၀’×၃၀’×၁၂’ ရှိစာသင်ဆောင်တွင် အုတ်ညှပ်(၁)ထပ် Steel Structure တစ်ထပ်အဆောက်အဦဖြစ်ကြောင်း အဆိုပါအဆောက်အဦများ၏ စုစုပေါင်း ကုန်ကျငွေတန်ဖိုးမှာ (၄၉.၉၅၀)ကျပ်သန်းဖြစ်ကြောင်း အဆောက်အဦကို Pro 5 Plus ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်မည်ဖြစ်ကြောင်း အဆိုပါကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ဆရာ/မ(၅)ဦးရှိပြီး ကျောင်းသာ/သူများအနေဖြင့် (၁၂၇)ဦးရှိရာ ကျောင်းဆောင်လိုအပ်ချက်အရ ဆောက်လုပ်ပေးခြင်းဖြစ်ကြောင်း ကျေးရွာကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုတူးက ပြောကြားသည်။


တံတားဦးမြို့နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျောင်းဆောင်သစ်ဆောက်လုပ်ရန် ကျောင်းပေါင်း(၂၁)ကျောင်း၊ လျှောက်လမ်းရရှိသည့် ကျောင်းပေါင်း(၁၁)ကျောင်း၊ ခြံစည်းရိုးကာရန်ခြင်းအတွက်(၂၀)ကျောင်း၊ ရေနှင့်ပတ်သတ်သည့်လုပ်ငန်းများဆောင်ရွက်ရန် (၂၃)ကျောင်း၊ မျက်နှာကျက်နှင့် ဆေးသုတ်လုပ်ငန်းများဆောင်ရွက်ရန်(၃၂)ကျောင်းနှင့် သန့်စင်ခန်းရရှိသည့် ကျောင်းပေါင်း(၅)ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - ရဲတင့်


မြန်မာနေရှင်နယ်ပို့စ် 11

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)