မိတ္ထီလာ၌ ဘောလုံးဒိုင်လူကြီးသင်တန်း (၁/၂ဝ၂၂)ဆင်းပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာ၌ ဘောလုံးဒိုင်လူကြီးသင်တန်း (၁/၂ဝ၂၂)ဆင်းပွဲအခမ်းအနားကျင်းပ

 




MNP - ဩဂုတ်   ၈


မိတ္ထီလာ၌ ခရိုင်အားကစားနှင့်ကာပညာကော်မတီမှ ကြီးမှူးဖွင့်လှစ်သော ဘောလုံးဒိုင်ကြီးသင်တန်း (၁/၂ဝ၂၂)ဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ခရိုင်အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပကြောင်း သိရသည်။


အဆိုပါ ဘောလုံးဒိုင်လူကြီးသင်တန်းဆင်းပွဲအခမ်းအနားတွင် ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက အမှာစကားပြောကြားသည်။ ထို့နောက် သင်တန်းတွင် ထူးချွန်စွာတက်ရောက်ခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက ပေးအပ်ချီးမြှင့်သည်။ သင်တန်းတွင် စာတွေ့လက်တွေ့သင်ခန်းစာများကို သင်ကြားပို့ချပေးခဲ့သော သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးဟန်က ပေးအပ်ဂုဏ်ပြုသည်။ ဆက်လက်၍ သင်တန်းသူ၊ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များကို ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးနိုင်က ပေးအပ်ချီးမြှင့်သည်။ အဆိုပါ ဘောလုံးဒိုင်လူကြီးသင်တန်းအား ဩဂုတ်လ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ ဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းသို့ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်းနှင့် သာစည်မြို့နယ်များမှ သင်တန်းသူ ၁၅ ဦး နှင့် သင်တန်းသား ၃၃ ဦး စုစုပေါင်း ၄၈ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - ချမ်းသာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)