သီပေါမြို့နယ်တွင် မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့နယ်တွင် မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်

 



MNP - ဩဂုတ်   ၂၁


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍  မသန်စွမ်းသူများပြုစုစောင့်ရှောက်ရေး အသိပညာပေး ဆွေးနွေးပွဲTalk Showကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းသိင်္ဂီစိုးက အသိပညာပေးဆွေးနွေးပွဲ(Talk Show) ပြုလုပ်ဆောင်ရွက် ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းသွယ်က  မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေးအတွက် ရန်ကုန်နှင့် မန္တလေးမြို့ကြီး များတွင် သက်ကြီး၊ သက်ငယ် မသန်စွမ်းသူ သင်တန်းကျောင်းများ ဖွင့်လှစ်၍ ပညာရေးနှင့် အတတ် ပညာများကို နေစရိတ်၊ စားစရိတ် အခမဲ့သင်ကြားပေးလျက်ရှိပါကြောင်း ကိုယ်အင်္ဂါမသန်စွမ်းခြင်း၊ အမြင်အာရုံမသန်စွမ်းခြင်း၊ အကြားအာရုံ မသန်စွမ်းခြင်း များစသည့် မသန်စွမ်း အမျိုးအစားအလိုက် ဝန်ကြီးဌာနမှ ချမှတ်ထားသော လုပ်ငန်းကြီး(၇)ရပ်နှင့် အညီပြုစုစောင့်ရှောက် ပေးလျက်ရှိပါ ကြောင်း၊ ဘယ်လိုပင်မသန်စွမ်းသူများဖြစ်စေ ယခုကဲ့သို့ ပြုစုစောင့်ရှောက်ခြင်းအားဖြင့် အဆိုပါ မသန်စွမ်းသူများ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်ရာ တွင် အထောက်အကူများစွာ ရရှိစေမှာဖြစ်ပါကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။


သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်   သက်ဆိုင်ရာကဏ္ဍများအလိုက် အသိပညာပေး ဆွေးနွေးပွဲ(Talk Show)များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)များကို သီပေါမြို့နယ်ရုံးမှ ဖွင့်လှစ်ထားသော Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ခင်လေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)