MNP - သြဂုတ် ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ပြည်သူများအနေဖြင့် လူကုန်ကူးမှုဖြစ်ပေါ်ရခြင်း၏ အကြောင်းအရာများကို သိရှိနိုင်စေရန်အတွက် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်ကြည်ကြည်ခိုင်က အသိပညာပေး Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဘောဂလိမြို့ ရဲတပ်ဖွဲ့ဒုတိယတပ်ကြပ်မှူး စောလားမိုက လူကုန်ကူးရခြင်း၏ အကြောင်းအရာများ၊ လူကုန်ကူးခြင်းအမျိုးအစားများ၊ လူကုန်ကူးသူတွေရဲ့ လိမ်လည်ကတိပေးခြင်း၊ ဟန်ဆောင်ဆက်နွယ်ခြင်း၊ ဖိအားအကျပ်ကိုင်ခြင်း၊ လူကုန်ကူးသူတွေရဲ့နည်းလမ်းများ၊ လူကုန်ကူးမှုထိန်းချုပ်ရေးနည်းလမ်းများ၊ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ လူကုန်ကူးမှုသည် လူတွေကိုခေါင်းပုံဖြတ်ပြီး အကျိုးအမြတ်ရှာတတ်သောသူဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment