လက်ပံတန်းမြို့တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လက်ပံတန်းမြို့တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့



MNP - စက်တင်ဘာ  ၂၈


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် အဘိုး/အဘွားများအားလူမှုရေးပင်စင် ထောက်ပံ့ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် လက်ပံတန်းမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဘတ်ဂျက် ဒုတိယ ၃ လပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့် မြို့နယ်လှုမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်အေးအေးသန်းတို့က သက်ကြီးဘိုးဘွားများရှိရာ ကျေးရွာအုပ်စုများသို့ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်နိုင်ရေး သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများသို့ ပေးအပ်ခဲ့သည်။


ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သက်သက်ညိုနှင့်အဖွဲ့ဝင်များ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ဘီးလင်းတန်းရပ်ကွက်အတွင်းရှိ သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။


အဆိုပါလူမှုရေးပင်စင်ထောက်ပံ့ရာတွင် အဘိုးအဘွားတစ်ဦးလျှင် တစ်လ တစ်သောင်းကျပ်နှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဘတ်ဂျက် ဒုတိယ ၃ လပတ် ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလများအတွက် လက်ပံတန်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၁၀၉၂)ဦးအတွက် တစ်ဦးလျှင်ငွေကျပ်သုံးသောင်းနှုန်းဖြင့် စုစုပေါင်း ၃၂,၇၆၀,၀၀၀/- ကျပ်သုံးရာနှစ်ဆယ်ခုနှစ်သိန်းခြောက်သောင်းတိတိ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)