လူကုန်ကူးမှု တားဆီးကာကွယ်ရေးအတွက် လူကုန်ကူးမှုအန္တရာယ်နှင့် နောက်ဆက်တွဲဆိုးကျိုးများ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူကုန်ကူးမှု တားဆီးကာကွယ်ရေးအတွက် လူကုန်ကူးမှုအန္တရာယ်နှင့် နောက်ဆက်တွဲဆိုးကျိုးများ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

 


MNP - နိုဝင်ဘာ  ၁၆


ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အေးချမ်းသာယာခန်းမ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအတွက် လူကုန်ကူးမှုအန္တရာယ်နှင့် နောက်ဆက်တွဲ ဆိုးကျိုးများ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်လူကုန်ကူးမှုတားဆီးရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက လူကုန်ကူးမှုအန္တရာယ်နှင့် နောက်ဆက်တွဲဆိုးကျိုးများအကြောင်း ပြောကြားပြီး၊ ဒုတိယဥက္ကဋ္ဌ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး အောင်နိုင်ဦးက လူကုန်ကူးမှုတားဆီးကာကွယ်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းပြောကြားခဲ့သည်။ အဖွဲ့ဝင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်‌ရေးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းသူအောင်က “မြေမြို၍လူမျိုးမပြုတ် လူမြို့မှလူမျိုးပြုတ်မည်" ဆိုသည့်ဆောင်ပုဒ်ကို လိုက်နာကျင့်သုံးကြဖို့ ပြောကြားခဲ့သည်။


ဆက်လက်၍ အဖွဲ့ဝင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ဝင်း၊ မြို့နယ်ဥပဒေရုံးမှ ဒုတိယမြို့နယ် ဥပဒေအရာရှိ ဒေါ်အိရွှေစင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်မြင့်တို့က လူကုန်ကူးမှုနှင့်ပတ်သက်၍ အသီးသီး ဟောပြောခဲ့ကြသည်။


ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ရပ်ရွာအခြပြု လူကုန်ကူးမှု စောင့်ကြည့်ရေးအဖွဲ့ဝင်များက ဝိုင်းဝန်း၍ ဆွေးနွေးခဲ့ကြပြီး၊ မြို့နယ်လူကုန်ကူးမှု တားဆီးရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - ဝင်းကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)