MNP - နိုဝင်ဘာ ၁၇
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေး ဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟု သုတများရရှိစေရန်၊ အမျိုးသားရေးစိတ်ဓာတ်ရှင်သန်တက်ကြွစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀:၃၀)အချိန် က အထက(ခွဲ) လှိုင်ဝကျောင်းနှင့် မွန်းလွဲ(၁:၃၀)အချိန်၌ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ပြုလုပ်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ် က ကျောင်းသား၊ ကျောင်းသူများအား အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ဗြိတိသျှတို့ပြဌာန်းသော ကျွန်ပညာရေးဥပဒေများ၊ ရန်ကုန်ယူနီ ဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး အကြောင်းနှင့် အမျိုးသားရေးစိတ်ဓာတ်ရှင်သန်ရေး သိကောင်းစရာတို့ကို အသိပညာပေး ဆွေးနွေးခဲ့သည်။
ထိုနောက် ကျောင်းသူကျောင်းသားများကို (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သတင်း စကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ ယင်းနောက် ကျောင်းသူကျောင်းသားများသည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံ ကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှု့ကြကြောင်း သိရသည်။
သတင်း - ခင်မျိုးဝင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment