MNP - နိုဝင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show အစီအစဉ်အား ယနေ့နံနက် ၁၀ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီနှင့် ဒုတိယဦးစီးမှူး ဒေါ်ဖြိုးမမတို့မှ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းနှင့် နယ်ချဲ့အစိုးရ၏ ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်ပြီး အမျိုးသားပညာရေးကို တောင်းဆိုခဲ့သည့် မြန်မာနိုင်ငံ၏ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုသမိုင်းတွင် အရေးပါသော လှုပ်ရှားမှုအကြောင်း၊ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဆောင်ပုဒ်နှင့် ဦးတည်ချက်များ၊ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်က မြန်မာတစ်မျိုးသားလုံး အမျိုးသားရေးစိတ်ဓါတ် ထက်သန်နိုးကြားပုံ၊ အမျိုးသားရေး စိတ်ဓါတ်ထက်သန်ရန်အတွက် အဓိကလိုအပ်ချက်များအား ဆွေးနွေးပြောကြားခဲ့ကြသည်။
သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာတိုးပွားစေရန်အတွက် စာအုပ်စာစောင်ငှားရမ်းခြင်း၊ အသိပညာပေး Talk Show များ ဆောင်ရွက်ပေးလျက်ရှိပြီး ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment