MNP - နိုဝင်ဘာ ၁၇
ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့ မွန်းလွဲပိုင်းက ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးနိုင်ဝင်းက အနာဂတ် မျိုးဆက်သစ်လူငယ်မောင်မယ်များ အသိပညာဗဟုသုတ တိုးပွားစေရေး အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ အမျိုးသားရေးစိတ်ဓာတ်နှင့် မျိုးချစ်စိတ် ရှင်သန်ထက်မြက်စေရေး လုပ်ဆောင်ရမည့် အချက်များ၊ တိုင်းပြည်အတွက် အားကိုးအားထားပြုရသော နိုင်ငံ့ခေါင်းဆောင် ကောင်းများ ဖြစ်အောင်ကြိုးပမ်းဆောင်ရွက်ရန်အချက်များအား အသိပညာပေး ရှင်းလင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ဦးစီးအရာရှိဒေါ်မိုးမိုးခိုင်က အမျိုးသားအောင်ပွဲနေ့သည် တစ်မျိုးသားလုံး မျိုးချစ်စိတ် ဓာတ်များရှင်သန် နိုးကြားကာနယ်ချဲ့ဆန့်ကျင်ရေးလုပ်ငန်းများ အရှိန်အဟုန် မြင့်မားလာပြီး အမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုဖြစ် သည့်လွတ်လပ်ရေးရသည်အထိ သမိုင်းတွင် အရေးပါ သည့် လှုပ်ရှားမှုကြီးဖြစ်ကြောင်း၊ မြန်မာ့သမိုင်းတွင် အမျိုးသားအောင်ပွဲနေ့သည် အရေးပါသည့် နေ့တစ်နေ့ဖြစ်ကြောင်း၊ အမျိုးသားအောင်ပွဲနေ့ကို အစဉ်မမေ့သင့်ကြောင်းနှင့် အသိပညာပေး ဆွေးနွေးပွဲ Talk Show ကို ဆက်လက်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်း - ငွေဇင်ယော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment