MNP - နိုဝင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်းက စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်(သို့) ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲသည့်အခါ ကုန်အညွှန်းအမှတ်အသားများ၏ အရေးပါပုံများကို ပြည်သူများသိရှိစေရန်ရည်ရွယ်၍ ဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားပြီး ပဲခူးတိုင်းဒေသကြီး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲဦးစီးမှူး ဦးကျော်ဆန်းဝင်းက စားသုံးသူပြည်သူများအနေဖြင့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲ သည့်အခါ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ် ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြခြင်းနှင့် စပ်လျဉ်းသည့်အကြောင်းအရာများ၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ သိရှိခွင့်ရရန်အထူးလိုအပ်ကြောင်း၊ မိမိတို့ဝယ်ယူသုံးစွဲသည့် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့် ပတ်သက်၍ သိသင့်သော သတင်းအချက်အလက်များကို ပြည့်ပြည့်စုံစုံသိရှိမှ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ် အသားနှင့်စပ်လျဉ်း၍ လိုက်နာရန် ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ပြ ဋ္ဌာန်းခဲ့သော စားသုံးသူကာကွယ်ရေး ဥပဒေများကို ရှင်းလင်းဆွေးနွေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြရာ၌ အခက်အခဲများရှိပါက စားသုံးသူရေးရာ ဦးစီးဌာန၏ ခရိုင်ဦးစီးမှူးရုံးများ၊ မြို့နယ်တာဝန်ခံများသို့ ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ပါကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment