တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ရဲဗလတံဆိပ်နှင့် ဂုဏ်ပြုလွှာချီးမြှင့်အပ်နှင်းပွဲ နှင့် အဆို၊ အက၊ အရေး၊ အတီး (နိုင်ငံတော်အဆင့်) ပြိုင်ပွဲတွင်ဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုပွဲသို့ တက်ရောက်ဂုဏ်ပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ရဲဗလတံဆိပ်နှင့် ဂုဏ်ပြုလွှာချီးမြှင့်အပ်နှင်းပွဲ နှင့် အဆို၊ အက၊ အရေး၊ အတီး (နိုင်ငံတော်အဆင့်) ပြိုင်ပွဲတွင်ဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုပွဲသို့ တက်ရောက်ဂုဏ်ပြု




MNP - နိုဝင်ဘာ   ၁၇


တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာ ခန်းမတွင် မြိတ်ခရိုင်အတွင်း နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ကောင်းရာကောင်းကျိုးကို ထူးချွန် ပြောင်မြောက်စွာ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သူများအား ရဲဗလတံဆိပ်နှင့် ဂုဏ်ပြုလွှာ ချီးမြှင့်အပ်နှင်းပွဲသို့ တက်ရောက်၍ ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်အပ်နှင်း ခဲ့ကြသည်။


ဂုဏ်ပြုပွဲတွင် ဝန်ကြီးချုပ်ဦးမြတ်ကိုက နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ကောင်းရာကောင်းကျိုး ကို ထူးချွန်ပြောင်မြောက်စွာ စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံတော်အတွက် အသက်ပေးတာဝန်ထမ်းဆောင် သူများရှိသလို ပြင်းထန်စွာဒဏ်ရာ ရရှိသူများလည်းရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အသက်ပေး တာဝန်ထမ်းဆောင်သူများကို ဂုဏ်ယူရသလို တစ်နည်းအားဖြင့် ကျဆုံးကွယ်လွန်သွားသူများအတွက်လည်း များစွာစိတ်မကောင်း ဖြစ်ရပါ ကြောင်း၊ နိုင်ငံတော်အတွက်စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်နေကြသူများကို နိုင်ငံတော်၏ ဂုဏ်ထူးဆောင်ဘွဲ့/တံဆိပ်/မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခြင်းဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ဝန်ကြီးချုပ်ဦးမြတ်ကိုက မြိတ်ခရိုင်မှ ရဲဗလတံဆိပ်ရရှိသူ(၄)ဦးအား ရဲဗလတံဆိပ်နှင့် ဂုဏ်ပြုလွှာများ ချီးမြှင့်အပ်နှင်းပြီး ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်က  ရဲဗလတံဆိပ် ရရှိသူ(၃)ဦးအား ရဲဗလတံဆိပ်နှင့် ဂုဏ်ပြုလွှာများ ချီးမြှင့်အပ်နှင်းသည်။ ထိုနောက် ရဲဗလတံဆိပ်ရရှိသူများ ကိုယ်စား ရဲဗလတံဆိပ်ရရှိသူတစ်ဦးက ကျေးဇူးတင် စကားပြောကြားပြီး ဝန်ကြီးချုပ်က မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက် အားပေးစကားပြောကြားသည်။


ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြိတ်တက္ကသိုလ်တွင် ကျင်းပသည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု  အဆို၊ အက၊ အရေး၊ အတီး (နိုင်ငံတော်အဆင့်) ပြိုင်ပွဲတွင် မြိတ်ခရိုင်မှ ဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုပွဲသို့ တက်ရောက်၍ ဝန်ကြီးချုပ်က တိုင်းဒေသကြီး ဂုဏ်ကိုဆောင်နိုင်ခဲ့ကြသည့် မြိတ်ခရိုင်မှ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များနှင့် ပံ့ပိုးကူညီ ဆောင်ရွက်ပေးကြသည့် အနုပညာရှင်များနှင့် ကြီးကြပ်သူများအား ကျေးဇူးတင် ဂုဏ်ပြု အမှာစကားပြောကြာသည်။


ထိုနောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု  အဆို၊ အက၊ အရေး၊ အတီး (နိုင်ငံတော်အဆင့်) ပြိုင်ပွဲတွင်  ဆုရရှိ ခဲ့သည့် ပြိုင်ပွဲဝင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထပ်ဆင့်ဂုဏ်ပြုဆုငွေများကို ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် ဝန်ကြီးများက ဂုဏ်ပြုချီးမြှင့်ခဲ့ကြပြီး ပြိုင်ပွဲဝင်များကိုယ်စား ပြိုင်ပွဲဝင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု  အဆို၊ အက၊ အရေး၊ အတီး (နိုင်ငံတော်အဆင့်) ပြိုင်ပွဲတွင်  တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ဆုတံဆိပ်(၂၃)ခုရရှိခဲ့ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် အဆင့်(၉)၇ရှိခဲ့ကြောင်း သိရသည်။


သတင်း - ခိုင်ထူး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)