ဘူးသီးတောင်မြို့နယ်တွင်၂၀၂၂ခုနှစ်မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ၊တစ်ဧကလျှင် တင်း ၁၀၀ ကျော်ထွက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့နယ်တွင်၂၀၂၂ခုနှစ်မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ၊တစ်ဧကလျှင် တင်း ၁၀၀ ကျော်ထွက်ရှိ



MNP - နိုဝင်ဘာ  ၁၇


ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၂ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉နာရီအချိန် က ဘူးသီးတောင်မြို့နယ် နန်းရာကုန်းကျေးရွာအုပ်စု၌ ကျင်းပသည်။


အဆိုပါမိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ မောင်တောခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးသာကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ညီနှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်နှင်းထွေးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများ ဖိတ်ကြားထားသည့် တောင်သူများတက်ရောက်ခဲ့ကြပြီး ရိတ်သိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ကြရာ တောင်သူဦးအေဆက်နုလ္လာ၏ ကွင်းအမှတ် (၃၂၆A) ဦးပိုင်အမှတ် (၁၄/၁)၌ စိုက်ပျိုးထားသော ဆင်းသုခစပါးမျိုး (၁၀၀)ဧကအား (ဝ.၁၀)ဧက ကိုယ်စားပြုစံကွက်ကို Combined Harvester (ရိတ်သိမ်းခြွေလှေ့စက်)ဖြင့် ရိတ်သိမ်းခဲ့ရာ တစ်ဧကအစိုအထွက်နှုန်း (၁၁၂.၉၈)တင်းနှင့် အခြောက်အထွက်နှုန်းမှာ (၁၀၃.၂၆)တင်း ထွက်ရှိကြောင်း သိရသည်။


ဘူးသီးတောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၂- ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ဧကမှာ (၅၃၉၁)ဧကရှိပြီး စပါးအထွက်နှုန်းမှန်ကန်ရေးအတွက် နန်းရာကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၃၂၆A)၌ အကျိုးဆောင်တောင်သူ (၂၈)ဦးတို့၏ လယ်မြေတွင်တောင်သူပညာပေးအဖြစ် မိုးစပါးဧက တင်း (၁၀၀)အထက်ရရှိရေး သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်ဖြင့် တစ်ကွင်းတစ်စပ်တည်းစံပြကွက် (၁၀၀)ကို စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ညီထံမှ သိရသည်။


သတင်း - လှကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)