ကွတ်ခိုင်မြို့နယ်တွင် (၁၀၂) မြောက်အမျိုးသားအောင်ပွဲနေ့အကြို အသိပ‌ညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွတ်ခိုင်မြို့နယ်တွင် (၁၀၂) မြောက်အမျိုးသားအောင်ပွဲနေ့အကြို အသိပ‌ညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်



MNP - နိုဝင်ဘာ   ၁၇


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့လယ် (၁) နာရီက (၁၀၂) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show) ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ဆွေးနွေးပွဲတွင် ကွတ်ခိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဒေါ်ဌေးဌေးဝင်းက အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အမှတ်(၁)အ‌ခြေခံပညာအထက်တန်းကျောင်း၊ အထက်တန်းပြဆရာ ဦးသိန်းလှိုင်က (၁၀၂) နှစ်မြောက် အမျိုးသား‌အောင်ပွဲနေ့နှင့် ပတ်သက်သည့်‌အ‌ကြောင်းအရာများဖြစ်‌သော အမျိုးသားနေ့ မည်သို့ပေါ်ပေါက်လာပုံ၊ လွတ်လပ်ရေးအစ အမျိုးသားနေ့က ဆိုသည့်အကြောင်းနှင့် ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန်သစ္စာဆိုအဓိဌာန်ပြု ကြသော ကျောင်းသားကြီး (၁၁) ဦး၏အမည်များ စသည့်အမျိုးသားနေ့နှင့် ပတ်သက်သည့် သိကောင်း စရာများကို ဆွေးနွေးသွားကြောင်း သိရသည်။


အဆိုပါ Talk Show အသိပညာပေးရိုက်ကူးထုတ်လွှင့်သည့် အစီအစဉ် We Love Kutkai Page နှင့် ကွတ်ခိုင်မြို့နယ် ပြည့်စာကြည့်တိုက် Facebook Page တို့တွင်လွှင့်တင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


သတင်း - ချစ်မျိုးဦး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)