ဝိုင်းမော်မြို့နယ်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အားကစား ပြိုင်ပွဲများ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝိုင်းမော်မြို့နယ်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အားကစား ပြိုင်ပွဲများ ကျင်းပ

 



MNP - နိုဝင်ဘာ   ၁၆


ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်း‌မော်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ် ပညာရေးမှူးတို့ပူးပေါင်းပြီး (၁၀၂) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ယနေ့နံနက် (၉) နာရီက အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ် ပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ အားကစားပြိုင်ပွဲများ ပြုလုပ်ခြင်းဖြင့် ကျောင်းသူ၊ ကျောင်းသားများ အမျိုးသားအောင်ပွဲ နေ့ကို သိရှိစေခြင်း၊ ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းပျော်ရွှင်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ကျား၊ မ မီတာ (၁၀၀) မိတာ (၇၅) နှင့် မိတာ (၅၀) အပြေးပြိုင်ပွဲများ၊ အာလူးကောက်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲများကို ကျင်းပပြုလုပ်ရာ ဝိုင်းမော်မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများမှ  ကျောင်းသား၊ ကျောင်းသူ (၁၀၀) ဦးခန့်က ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသော ကျောင်းသူ၊ ကျောင်းသားများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြင့်ခဲ့သည်။


သတင်း - ဖြူစင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)