ကန့်ဘလူမြို့၌ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့၌ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ



MNP - နိုဝင်ဘာ   ၁၆


စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့၌ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီက ကန့်ဘလူမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။


 အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပြိုင်ပွဲများအဖြစ် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများကို ကန့်ဘလူမြို့နယ်အတွင်း အခြေခံပညာ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကစားကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


 အဆိုပါ ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၂ ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့တွင် ဆုများ အသီးသီး ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။


သတင်း - အောင်ဝင်းငြိမ်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)