အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုသောအားဖြင့် ဟောပြောပွဲနှင့် ပြပွဲ ပြိုင်ပွဲများပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုသောအားဖြင့် ဟောပြောပွဲနှင့် ပြပွဲ ပြိုင်ပွဲများပြုလုပ်







MNP ၊  နိုဝင်ဘာ    ၁၆

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် မြို့နယ်စာရေးဆရာများအသင်းတို့ပူးပေါင်းကာ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာ‌စောင်နှင့် နံရံကပ်စာစောင်ပြပွဲတို့ကို နိုဝင်ဘာလ ၁၆ ရက်၊ နံနက်က သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ရှေးဦးစွာ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ကျင်းပရာ အထက(၂)သထုံကျောင်းမှ ‌Grade(9) ကျောင်းသားကျောင်းသူတို့က ဖြေဆိုယှဉ်ပြိုင်ခဲ့ကြသည်။


ဟောပြောပွဲတွင် သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက လူငယ်များအနေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များအကြောင်းကို သိရှိပြီး အနာဂတ်ကာလ၌ အသိဉာဏ်ပညာကြွယ်ဝသည့် နိုင်ငံ့သားကောင်းများဖြစ်လာနိုင်စေရန်ရည်ရွယ်ကာ ကျင်းပရခြင်းဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ အမျိုးသား‌အောင်ပွဲနေ့၏ ဦးတည်ချက်(၄)ရပ်နှင့် ဆောင်ပုဒ်၊ အမျိုးသားအောင်ပွဲနေ့၏ အနှစ်သာရများ စသည်တို့ကို အသိပညာပေး ဟောပြောသည်။


ယင်းနောက် မူလတန်းအဆင့် ပုံပြင်ပြော၊ ကဗျာရွတ်၊ ဆေးရောင်ခြယ်၊ ပန်းချီဆွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ပြုလုပ်ပေးရာ အမက(လွန်)မော်ကျော့ကျောင်းမှ မူလတန်းကျောင်းသားကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအသီးသီးမှ ဆုရရှိကြသူများကို တာဝန်ရှိသူတို့က ဆုချီးမြှင့်ပေးခဲ့ကြသည်။


အဆိုပါအခမ်းအနားတွင် သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်သည့် စာအုပ်စာစောင်များ၊ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များတို့ကို ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာမှတ်သားခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ်ထုတ်ဝေသည့် "သတင်းစကား" လက်ကမ်းစာစောင်များကို အခမဲ့ဝေငှပေးခဲ့ကြကြောင်း သိရသည်။


နဒီ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)