ရမ်းဗြဲမြို့၌ (၁၀၂) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သဝဏ်လွှာဖတ်ပွဲ အခမ်းအနားနှင့် ပျော်ပွဲရွှင်ပွဲများစည်ကားသိုက်မြိုက်စွာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့၌ (၁၀၂) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သဝဏ်လွှာဖတ်ပွဲ အခမ်းအနားနှင့် ပျော်ပွဲရွှင်ပွဲများစည်ကားသိုက်မြိုက်စွာကျင်းပ






MNP ၊  နိုဝင်ဘာ ၁၇

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ယနေ့တွင်ကျရောက်သည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်ဖတ်ပွဲအခမ်းအနားကို နံနက် ၇ နာရီအချိန်က ရမ်းဗြဲမြို့၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  ရမ္မာဝတီခန်းမတွင်ကျင်းပကြသည်။


အခမ်းအနားကို ရှေ့ဦးစွာ ရမ်းဗြဲမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ များက မြန်မာ့ကျောင်းသားသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးကြသည်။  ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှပေးပို့သော (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်သဝဏ်လွှာအား ရမ်းဗြဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခင်မောင်သန်းက ဖတ်ကြားသည်။ ၎င်းနောက် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲတို့တွင်ဆုရရှိခဲ့ကြသော အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်မှ ကျောင်းသား/ကျောင်းသူများအား ဆုများချီးမြှင့်ပေးကြသည်။  


ယင်းနောက်အခမ်းအနားကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း( ပုလုပ်တောင် )မှ  ကျောင်းသား/ ကျောင်းသူများက ဇာဓိမာန် သီချင်းဖြင့်သီဆိုရုတ်သိမ်းပေးခဲ့ကြသည်၊ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊  လူမှုရေးအသင်းအဖွဲ့များ၊  မြို့မိမြို့ဖများနှင့် ဆရာ/ဆရာမများ  ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။


ထို့နောက် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲများအဖြစ်အားကစားပြိုင်ပွဲများဆက်လက်ကျင်းပကြရာ ကျောင်းသား/ကျောင်းသူများမှ ပါဝင်ယှဉ်ပြိုင်ကြသည်၊ အဆိုပါ ပျော်ပွဲရွှင်ပွဲများ ကျင်းပရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့တို့မှ လာရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်းသိရသည်။


အောင်နိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)