MNP - နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ပြည်သူလူထု အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်း ကုန်ထုတ်အရင်းအနှီးများနှင့် နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်၊ စက်ရုံ၊ အလုပ်ရုံ၊ ယဉ်ကျေးမှုအမွေအနှစ်များ မီးဘေးအန္တရာယ်မှ ကင်းရှင်းစေရေးအတွက် ယနေ့မွန်းလွဲ (၁) နာရီက မြို့မဈေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုကို ကွင်းဆင်းစစ်ဆေးအကြံပြုခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲတာဝန်ရှိသူများနှင့် ဈေးကော်မတီအဖွဲ့ဝင်များပူးပေါင်း၍ မြို့နယ်အတွင်း မီးလောင်မှု၊မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေရေးနှင့် မီးဘေးအန္တရာယ်များ ကင်းရှင်းစေရေးအတွက် လျှပ်စစ်မီးများ အသုံးပြုရာတွင် မီးဘေးလုံခြုံရေး အလေးထားလိုက်နာ ဆောင်ရွက်ရန်၊ မီးချိတ်၊ မီးကပ်၊ သဲပုံးရေပုံးနှင့် မီးသတ်ဆေးဘူးများ စသည့်မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများကို စစ်ဆေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်း - သန်းလူ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment